Thursday, December 31, 2009

ကျိန်စာသင့် မျက်နှာဖုံး ( 99 စနေ မှ ကူယူပါသည် )


ကျိန်စာသင့် မျက်နှာဖုံး


တစ်ခါက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ မျက်နှာဖုံးတစ်ခု လမ်းတစ်နေရာမှာ ကျကျန်ခဲ့တယ်။ ကျခဲ့တဲ့ မျက်နှာဖုံးကို ကောင်မလေးတစ်ယောက်က ကောက်ယူကြည့်ပြီး မျက်နှာပေါ် တပ်လိုက်မိတယ်။ တပ်ကြည့်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးဟာ ကျိန်စာမိသွားတဲ့အလား မျက်နှာဖုံးကို ပြန်ချွတ်မရဖြစ်ခဲ့တယ်။ ကောင်မလေးဟာ ကြောက်လန့်တကြား အိမ်ကို အပြေးပြန်ပြီး မိခင်ကိုရှာခဲ့တယ်။ မိခင်ကသူ့ကို မမှတ်မိတဲ့အပြင် ရွာကလူတွေနဲ့ပေါင်းပြီး သူ့ကို မကောင်းဆိုးဝါးအထင်နဲ့ ရွာပြင်ကို မောင်းထုတ်ခဲ့တယ်။

သနားစရာ ကောင်မလေးဟာ
ရွာပြင်မှာ တစ်ယောက်တည်း ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့တယ်။ ကောင်မလေးကို မှတ်မိတယ်ဆိုလို့ ငယ်ပေါင်း ကစားဖော် ကစားဖက် ကောင်လေးတစ်ယောက်ပဲရှိခဲ့တယ်။ နောက်ဆုံးတော့ ကောင်လေးရဲ့အကူနဲ့ ကောင်မလေးကို လူတွေက အယုံအကြည် ရှိလာခဲ့တယ်။ နောက်ဆုံးမှာ ကောင်မလေး မျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်လိုက်နိုင်ခဲ့တယ်။

စစစစစစစစစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစ

“မနက်ဖြန် ငါ့ကို လေယာဉ်ကွင်း လိုက်ပို့အုန်းမလား” သူမနားနား သူတိုးတိုးလေး ကပ်မေးလိုက်တယ်။

“ဟင့်အင်း.. ငါငိုမိမှာ.. ” နုတ်ခမ်းလေးစူပြီး ငိုမဲ့မဲ့ပြောတဲ့ သူမပုံစံက သူ့ကိုပိုအချစ်ပိုစေခဲ့တယ်။

သူနဲ့ သူမက နှစ်ဖက်လူကြီးသဘောတူ စေ့စပ်ထားတဲ့ ချစ်သူနှစ်ဦးဖြစ်တယ်။ အလုပ်ကိစ္စကြောင့် နိုင်ငံရပ်ခြားမှာ တစ်နှစ်ကြာ သူသွားရောက် နေထိုင်ရတော့မယ်။ ဖြစ်နိုင်ရင် သူမကို သူနဲ့အတူ ခေါ်သွားချင်ပေမယ့် သူမ မိဘတွေက ခွင့်မပြုခဲ့ဘူး။

“နင် ဟိုကိုရောက်ရင် ငါ့ကို လွမ်းနေနော်”

“နင်ကလွဲရင် ငါဘယ်သူ့ကိုမှ မလွမ်းဘူး”

“တကယ်နော်..”


“အင်း.. ဂတိ”


သူမ နှာခေါင်းကို သူ ချစ်စနိုး လိမ်ဆွဲလိုက်တယ်။ အတားအဆီးမဲ့ မျက်ရည်တွေက နီစွေ့နေတဲ့ သူမပါးပြင်ပေါ် အလိုက်မသိ စီးဆင်းလာခဲ့တယ်။ သူမကြောင့် ဒီအလုပ်ကို သူလက်လွတ်ဖို့ ကြိုးစားခဲ့သေးတယ်။

“မငိုနဲ့နော်.. နင့်အနား ငါအမြန်ဆုံး ပြန်ခဲ့မှာပါ။ ပြီးရင် ငါတို့လက်ထပ်ကြမယ်။ အဲဒီနောက် ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး”

“အင်း... ပါ ” ငိုသံတစ်ဝက်နဲ့ စကားလုံးတစ်ချို့ သူမနုတ်ခမ်းဝမှာ တစ်ဆို့နေခဲ့တယ်။

“နင်ငိုတော့ ငါစိတ်မကောင်းဘူး။ နင့်ကို ငါအရမ်းချစ်တယ်”

“ငါလည်း နင့်ကို အရမ်းချစ်တယ်” ဒီတစ်သက် ဒီဘဝ သူမကိုပဲ သူချစ်ခဲ့တယ်။

သူ နိုင်ငံခြားထွက်ပြီး လအတန်ကြာမှာ ကြိုတင်တွက်ဆမထားတဲ့ ကံကြမ္မာဆိုးတစ်ခု သူမဆီ ဆိုက်ဆိုက်မြိုင်မြိုင် ရောက်လာခဲ့တယ်။ သူငယ်ချင်းနဲ့အတူ လျှောက်လည်တဲ့လမ်းမှာ သူမ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်။ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သူမ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့တယ်။ မအောင်မြင်တဲ့ ခွဲစိပ်ကုသမှုမှာ မသပ်ရပ်တဲ့ ချုပ်ရိုးတွေကြောင့် သူမမျက်နှာ ပိုအကျည်းတန်ခဲ့ရတယ်။ လှပတဲ့မျက်နှာတစ်ခု ပျောက်ဆုံးခဲ့ရလို့ နေ့နေ့ညည သူမ ငိုခဲ့တယ်။ မကောင်းဆိုးဝါး တစ်ကောင်လို့ မလှပတဲ့ မျက်နှာနဲ့ အသက်ဆက်ရှင်ဖို့ သူမ ဝန်လေးခဲ့မိပေမယ့် သူငယ်ချင်းတွေရဲ့ အားပေးမှု၊ မိဘတွေရဲ့ ဖေးမမှုအောက်မှာ ရှင်သန်ဖို့ သူမ ကြိုးစားခဲ့တယ်။

“သူ့ဆီ အီးမေးလ်ပို့ ဆက်သွယ်မလား?”

မျက်နှာပေါ်က ဒဏ်ရာတင်မက လူတွေနဲ့မခေါ် မပြောရဲလောက်အောင် စိတ်ဓာတ်ကျ အားငယ်ပြီး စိတ်ဒဏ်ရာပါ ရသွားတဲ့ သူမကို သူငယ်ချင်းတွေက အကြံပေးတယ်။ ကိုယ့်ရဲ့အချစ်ဆုံးကိုတောင် အဆက်အသွယ် မလုပ်ရဲလောက်အောင် သူမ ကြောက်နေမိတယ်။

“သူ အရမ်းစိတ်ပူနေတယ်။ နင် ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သူအရမ်းသိချင်နေတယ်”

“သူ့ကိုငါ အမှန်အတိုင်းပြောရမလား? ဒီမျက်နှာနဲ့ သူ့ကို ငါဘယ်လို သွားပြောမလဲ? အဖေအမေတို့ကတောင် ငါ့ကို လက်မခံနိုင်တော့တာ သူဆိုရင် ပိုဆိုးမှာပေါ့။ သူနဲ့ငါ မျက်နှာချင်း မဆိုင်ရဲဘူး”

ပုံပျက်နေတဲ့ မျက်နှာကို လက်နဲ့စမ်းရင်း အရူးတစ်ယောက်လို သူမ အော်ဟစ်မိတယ်။ အရင်လို မလှပတော့တဲ့ သူမကို သူ ခံစားနိုင်ဦးမလား? သူ ချစ်နိုင်ဦးမလား? သူ လက်ထပ်နိုင်ဦးမလား? သူမ ဘာကိုမှ ဆက်မတွေးရဲခဲ့တော့ပါဘူး...

“ဒါဟာ နင့်အပေါ်ထားတဲ့ သူ့သဘောထားကို စမ်းသပ်မဲ့အချိန်ပေါ့”

သူငယ်ချင်းတွေရဲ့ တိုက်တွန်းစကားကြောင့် သူ့ကို သူမ ပြန်ဆက်သွယ်ဖြစ်ခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှအားလုံး သူ့ကို ပြောဖြစ်ပေမယ့် သူမရဲ့ လက်ရှိ အခြေအနေကို မပြောရဲခဲ့ဘူး။

တစ်နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန် ကျော်ဖြတ်ခဲ့တယ်။ သူပြန်လာမယ့်ရက် တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့တယ်။ သူပို့တဲ့စာမှာ သူပြန်လာပြီးနောက် သူတို့ရဲ့အနာဂါတ်ကို ဘယ်လိုတည်ဆောက်မယ်၊ နှစ်ယောက်အတူ ဘယ်လို ခရီးဆက်မယ်ဆိုတာကို အားတက်တရော ရေးထားတယ်။ စာဖတ်ပြီး သူမအသဲ ကြွေခဲ့ရတယ်။ ကြောက်ရွံ့ထိတ်လန့်တဲ့ စိတ်တွေက သူမရင်ထဲ အတိုင်းမသိ တိုးဝင်လာခဲ့တယ်။

သတ်မှတ်ထားတဲ့ နေ့ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လေဆိပ်ကို သူမ ရောက်လာခဲ့တယ်။ ရင်ထဲမှာ အားငယ်စိတ်တွေ ပြည့်နှက်နေတယ်။ ကြောက်ရွံ့မှုတွေ ကြီးစိုးနေတယ်။ ဒါပေမယ့် အဖြစ်မှန်တစ်ခုရဲ့ အဖြေကို သူမ သိချင်နေမိတယ်။ သူ မှတ်မိပါ့မလား?

ဦးထုပ်၊ မျက်မှန်နက်နဲ့ မျက်နှာဖုံးတပ်ပြီး လေဆိပ်ထဲ သူမ ရောက်နေခဲ့တယ်။ တိုင်အကွယ်တစ်ခုကနေ သူထွက်အလာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့တယ်။

မကြာပါဘူး... တစ်နှစ်စာ အလွမ်းနဲ့ အချစ်တွေ အပြည့်အသိပ် လွယ်ပိုးထားတဲ့ ကောင်လေးတစ်ယောက် လေယာဉ် ဧည့်ကြိုခန်းဖက် ဝမ်းသာအားရ အပြေးလာနေခဲ့တယ်။ ခွဲခွါနေတဲ့ ဒီကာလတွေမှာ သူမနဲ့ စာတစ်တန်၊ ဖုံးတစ်တန် ဆက်သွယ်ခဲ့တယ် ဆိုပေမယ့် သူမကို လွမ်းတဲ့စိတ်၊ စိုးရိမ်တဲ့စိတ်က လျှော့မသွားခဲ့ဘူး။

ဧည့်ကြိုခန်းမမှာ သူမရဲ့ အရိပ်ကို ကျီးကန်းတောင်းမှောက် သူလိုက်ရှာမိတယ်။ သူမ တကယ်လာမယ်ဆိုတာ သူသိနေတယ်။ တိုင်အကွယ်မှာ ရပ်နေတဲ့ သူမရဲ့နောက်ကျောရိပ်ကို သူလှမ်းမြင်လိုက်တယ်။ ခြေလှမ်းကျဲကျဲနဲ့ သူမဆီ အရောက်လှမ်းပြီး နောက်ကနေ သူမကို သိုင်းဖက်လိုက်မိတယ်။

“လွမ်းလိုက်တာ.... ဘာဖြစ်လို့ တိုင်နောက်မှာ ပုန်းနေရတာလဲ?”

“နင် ... ငါ့ကိုတွေ့တယ်?” အသံတိုးတိုးနဲ့ မရဲတရဲ သူမ ပြန်မေးလိုက်တယ်။

“ငါ.. ငါ့ကို နင် မှတ်မိလား?” ငိုသံနဲ့ မေးလာတဲ့ သူမကို သူ့ဖက် ဆွဲလှည့်လိုက်မိတယ်။ မျက်နှာဖုံး၊ မျက်မှန်တွေနဲ့ သူမ ဘာဖြစ်လို့ ရုပ်ဖျက်ထားသလဲ?

“မှတ်မိတာပေါ့... နင့်ကို ငါအရမ်းချစ်တယ်လေ” သူမကို သူ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။

“ဒီလိုပုံစံဆိုရင် ချစ်အုန်းမှာလား” သူရှေ့မှာပဲ မျက်မှန်၊ ဦးထုပ်၊ မျက်နှာဖုံးတွေ သူမဆွဲချွတ်လိုက်ပြီး မေးလိုက်တယ်။

ကြောက်စရာကောင်းတဲ့ မျက်နှာတစ်ခုက သူ့ရှေ့မှာ ဘွားခနဲ့ ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင် လူတွေဆီက လွှင့်လာတဲ့ အာမေဋိတ်သံတစ်ချို့က သူမမျက်နှာ ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာကို ဖော်ညွှန်းနေသလိုပဲ! သူတစ်ချက် မင်သက်သွားမိတယ်။ အဲဒီနောက် ဘာမှမဖြစ်တဲ့ ပုံစံနဲ့ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမ နားနား ကပ်ပြောလိုက်တယ်။

“နင်ဟာ ငါ့အတွက် လှနေတုန်းပဲ။ နင့်ကိုငါ သိပ်ချစ်တာပေါ့”

ချုပ်ရာဗရပွနဲ့ မညီမညာ မျက်နှာပြင်က ဒဏ်ရာတွေကို ညင်သာစွာ သူပွတ်သပ်ပေးနေမိတယ်။ ငါ နင့်ကို အရမ်းချစ်တယ်!

လူကြီးတွေ တားမြစ်တဲ့ကြားက သူမကို လက်ထပ်ယူဖို့ သူကြိုးစားတယ်။ သူမကို ချစ်တဲ့ ချစ်စိတ်တစ်ခုတည်းနဲ့ အရာရာကို သူရင်ဆိုင်ရဲခဲ့တယ်။ သူမရဲ့အပြင်ပန်းအလှကို ချစ်တာ မဟုတ်ဘဲ သူမရဲ့အတွင်းစိတ်ကို ချစ်တယ်ဆိုတာကို သူ့ကိုယ်သူ နားလည်ခဲ့တယ်။ လက်ထပ်ရက်တွေ သတ်မှတ်ပြီး အလုပ်တွေ အသားကျအောင် ကြိုးစားရင်း သူအိမ်ပြန်ချိန် နောက်ကျလာခဲ့တယ်။

အိမ်အပြန် နောက်ကျမယ့်ရက်တွေ သူမကို သူကြိုပြီး ဖုံးဆက် အသိပေးတတ်ပေမယ့် ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေ အမြဲလွှမ်းနေတဲ့ သူမက စိုးရိမ်နေတုန်းပါပဲ။ သူမကို ထားသွားမှာ၊ သူ့ကို ဆုံးရှုံးရမှာကို သူမကြောက်လာမိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျှော့နည်းလာပြီး သူ့အပေါ် သံသယစိတ်တွေ ပိုများလာခဲ့တယ်။ စိတ်မချ မယုံကြည်တဲ့စိတ်နဲ့ သူ့ကို သူမအနားမှာပဲ ရှိစေချင်ခဲ့တယ်။ သူမနားလည်အောင် သူရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် ဘာကိုမှ အယုံအကြည် မရှိနိုင်လောက်အောင် စိတ်ဒဏ်ရာတွေက သူမကို ဖိစီးနေခဲ့ပါပြီ။

တဖြေးဖြေး... အကြောင်းမရှိ အကြောင်းရှာပြီး သူမ ပေါက်ကွဲလာတတ်တယ်။ အရူးတစ်ယောက်လို သူ့ရဲ့ အပြုအမှုတိုင်းကို သံသယ ဝင်လာတတ်တယ်။ သူရဲ့ခြေလှမ်းတိုင်းအတွက် သူမကို ဖြေရှင်းချက်တွေ ပေးနေရတယ်။ သူမ နားလည်အောင် ဖြေရှင်းခဲ့လည်း သူ့ကို သံသယ ဝင်နေတုန်းပဲ။

ထပ်ခါတလဲလဲ ဖြစ်ပျက်ဖန်များလာတော့ အလုပ်ဖိအား၊ စိတ်ဖိအား၊ အဖက်ဖက်က ဖိအားနဲ့ သူမဆီက သံသယဖိအားတွေက သူ့ကို ဝါးမြိုမတတ် ခံစားလာမိတယ်။

“လက်စသတ်တော့ နင့်ရဲ့စိတ်ပါ အရုပ်ဆိုး အကျည်းတန်သွားပါလား?” မပြောရက်တဲ့ စကားတစ်ခွန်းကို ပြောပြီး အိမ်ကနေ သူထွက်လာခဲ့တယ်။

သူမ ချုံးပွဲချ ငိုမိခဲ့တယ်။ ဒီလိုအဖြစ်မျိုး သူမ မဖြစ်ချင်ခဲ့ပေမယ့် သူ့ကို လက်လွှတ်ဆုံးရှုံးမှာကို သူမ အရမ်းကြောက်ခဲ့မိတယ်။ သူမအနားမှာပဲ သူ့ကိုတင်းတင်း ချည်နှောင်ထားချင်ခဲ့မိတယ်။ သူမရဲ့ စိတ်နှလုံးတွေ လိုက်အကျည်းတန်ခဲ့ တရားခံဟာ အရင်လို မလှပတော့တဲ့ သူမ မျက်နှာကြောင့်၊ အရုပ်ဆိုးခဲ့တဲ့ မျက်နှာကြောင့်ဆိုတာ သူမနားလည်လိုက်တယ်။

မှားယွင်းသွားတဲ့ အမှားအတွက် သူ့ကို တောင်းပန်ဖို့ သူမ ဆုံးဖြတ်လိုက်တယ်။ ကုမ္ပဏီကို ဖုံးလှမ်းဆက်တော့ သူအစည်းအဝေး တက်နေတယ်လို့ သိလိုက်ရတယ်။ လူကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး တောင်းပန်ဖို့ ကုမ္ပဏီထိ သူလိုက်လာခဲ့တယ်။ သူဒီနေ့ ရုံးမတက် ဘူးဆိုတဲ့ စကားတစ်ခွန်းက သူမကို ကြိုနှင့်နေခဲ့တယ်။ သူ့ဟမ်းဖုံးကို ဆက်တော့ စက်ပိတ်ထားပါသည်ဆိုတဲ့ အသံက သူမကို ခြောက်လန့်နေသလိုပဲ သူမ ပိုကြောက်လာမိတယ်။

သူ့မှာ တစ်ခြားကောင်မလေးများ ရှိနေပြီလား? နဖူးကို တစ်ချက်တွန့်ပြီး သူမ တွေးလိုက်မိတယ်။ ပြီးတော့ အရူးတစ်ယောက်လို ခေါင်းခါပြီး ဒီလို မယုံသင်္ကာ သံသယအတွေးတွေကြောင့် သူ စိတ်တိုသွားတာ။ ငါဒီလို မတွေးသင့်ဘူးလို့ စဉ်းစားရင်း သံသယစိတ်ကို စိုးရိမ်စိတ်အဖြင့် ပြောင်းလဲကြည့်လိုက်တယ်။ သူ့ကို ယုံကြည်ရမယ်လို့ သူမကိုယ်သူမ သတိပေးလိုက်မိတယ်။

ကုမ္ပဏီက ထွက်လာပြီး အိမ်အပြန်မှာ လမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူမ အကြည့်ရောက်သွားခဲ့တယ်။ ဇာတ်တိုက်ထားသလိုပါပဲ...
သူနဲ့ တစ်ခြားကောင်မလေးတစ်ယောက် အတူထိုင်နေတာကို တွေ့လိုက်မိတယ်။ သူမရဲ့ သံသယစိတ်တွေ အသက်ဝင်ခဲ့ပါလား?
ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မှန်ပြတင်းဖြတ်ပြီး ထင်ထင်ရှားရှား သူမ တွေ့လိုက်ရတယ်။ လှပချောမောနဲ့ မျက်နှာပိုင်ရှင် ကောင်မလေးကြောင့်
အရုပ်ဆိုးတဲ့ သူမကို သူပစ်သွားခဲ့ပြီ။

မုန်းတယ်... သူ့ကို မုန်းတယ်။ ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မျက်ရည်တစ်သွင်သွင်နဲ့ သူမ ဆက်ရပ်ကြည့်နိုင်စွမ်း မရှိတော့ဘဲ အိမ်ကို အပြေးပြန်လာခဲ့မိတယ်။
နောက်ရက်မှာတော့ သူမဖက်က လက်ထပ်မင်္ဂလာဖျက်သိမ်း လိုက်ကြောင်း သူ့ကို အကြောင်းကြားခဲ့တယ်။ သူ နားမလည်နိုင်အောင် ဖြစ်ပြီး သူမကိုရှင်းပြဖို့
ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

နွေ၊ မိုး၊ ဆောင်း ပြောင်းသွားခဲ့ပါပြီ။ အကျည်းတန်တဲ့ မျက်နှာနဲ့ ဘဝတစ်ခုကို သူမ ပင်ပင်ပန်းပန်း ဖြတ်ကျော်နေခဲ့ရတယ်။ ဒီမျက်နှာနဲ့ လူတွေရဲ့တကယ့်စိတ်ရင်း၊ လူတွေရဲ့ စစ်မှန်တဲ့ မျက်နှာကို သူမတွေ့ခွင့် ရခဲ့ရလို့ ထပ်မံခွဲစိပ်ကုသဖို့ သူငယ်ချင်းတွေ တိုက်တွန်းခဲ့ပေမယ့် သူမ ငြင်းဆန်ခဲ့မိတယ်။ ဒါပေမယ့် မိဘတွေပါ ခွဲစိတ်စေချင်တဲ့ ဆန္ဒကြောင့် ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ ခွဲစိပ်ဖို့ သူမဆုံးဖြတ်လိုက်တယ်။ ခွဲစိပ်နေတဲ့အတောအတွင်း သူ့ကို သူမ သတိရမိတယ်။ သူ့ကို အနားမှာ ရှိစေချင်ခဲ့တယ်။

နာမည်ကြီး ခွဲစိပ်ဆရာဝန်က လုံးဝပျက်ဆီးနေတဲ့ သူမရဲ့မျက်နှာကို အသားအစားထိုးနည်းနဲ့ အောင်မြင်စွာ ခွဲစိပ်ကုသနိုင်ခဲ့တယ်။ ဓာတ်ပုံထဲက သူမ နဂိုပုံအတိုင်း လှပတဲ့မျက်နှာကို သူမထပ်ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ဒီမျက်နှာပဲ သူ့မကို အမုန်းတွေ ပေးခဲ့တာ.. ဒီမျက်နှာပဲ သူမကို အပျော်တွေ ပေးခဲ့တာ.....

နနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနန

နာမည်ကြီး ခွဲစိပ်ဆရာဝန်တစ်ဦးကို ကျေးဇူးတင်ဖို့ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် ဆေးရုံကို ရောက်လာခဲ့တယ်။ ဆေးရုံထောင့်ချိုး တစ်နေရာမှာ မျက်နှာပတ်တီးအဖွေးသားနဲ့ လူတစ်ယောက်ကို ကောင်မလေး တိုက်လိုက်မိတယ်။

“ဆောရီးပါနော်”

ပတ်တီးနဲ့လူက ကောင်မလေးကို တအံ့တသြကြည့်ပြီး ခပ်သုတ်သုတ် ထွက်သွားမယ်အလုပ်မှာ ကောင်မလေးက “ဒီဆေးရုံက ဆရာဝန်တွေ အရမ်းတော်တယ်။ ခွဲစိပ်ခံလိုက်ရင် ရှင်မျက်နှာလည်း ကောင်းလာလိမ့်မယ် သိလား။ ကြည့် ..ကျွန်မမျက်နှာလည်း ခွဲစိပ်ခဲ့တယ်လေ။ မလှဘူးလား? ရှင် အားမငယ်နဲ့နော်”

“........” ပတ်တီးမျက်နှာနဲ့ လူ ဘာမှမပြောခင်မှာ ကောင်လေးက ကောင်မလေးကို

“မြန်မြန် မောင်တို့ သွားစရာရှိသေးတယ်” လို့ လောလိုက်တယ်။

ပြုံးပြုံးရွှင်ရွှင်နဲ့ ထွက်သွားတဲ့ ချစ်သူစုံတွဲကို မျက်စိတစ်စုံ ငေးကြည့်ရင်း ပတ်တီးမျက်နှာနဲ့လူ မျက်ရည်တွေကျမိတယ်။

“သူ့ကို ရှင်အရမ်းချစ်တာပဲလားဟင်! သူ့အတွက်နဲ့ ကိုယ့်မျက်နှာက အသားကိုတောင် ရှင် ဖြတ်လှူခဲ့တာတောင် ရှင့်ကို သူလုံးဝ မမှတ်မိခဲ့ဘူးနော်။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဒီလိုခွဲစိပ်မှုလုပ်ဖို့ ကျွန်မနဲ့ ရှင်တိုင်ပင်ခဲ့တယ်။ အခု ရှင်ကျေနပ်ရဲ့လား? ရှင်မျက်နှာ နဂိုအတိုင်း ပြန်ဖြစ်လာဖို့ ကျွန်မ တာဝန်ယူပါတယ်”

“တော်ပါပြီ... ကျွန်တော့်ကို သူ မမှတ်မိလည်း ဘာမှမဖြစ်ပါဘူး။ သူပျော်ရွှင်နေရင် ကျွန်တော်ကျေနပ်ပါပြီ။ ဒီ အကျည်းတန်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော်ရှင်သန်သွားပါရစေ”

ပါးပြင်က မျက်ရည်တွေနဲ့ ဆရာဝန်အပါးကနေ သူ တစ်လှမ်းချင်း ထွက်ခွာလာခဲ့တယ်။ ကောင်မလေးဆီက ကျန်ရစ်ခဲ့တဲ့ ကိုယ်သင်းနံ့တစ်ချို့က သူ့ကို ပိုအထီးကျန်စေခဲ့တယ်....

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

ကောင်မလေး သူ့ကိုမှတ်မိနိုင်မလားလို့ သိချင်တဲ့စိတ်နဲ့ ကောင်မလေး မျက်နှာပေါ်က ချွတ်လိုက်တဲ့ မျက်နှာဖုံးကို ကောင်လေး တပ်ကြည့်လိုက်မိတယ်။ ကောင်မလေးက သူ့ကို မမှတ်မိတဲ့အပြင် သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်မှတ်ပြီး ကြောက်လန့်တကြား ငိုယို ထွက်ပြေးသွားခဲ့တယ်။ နောက်ဆုံးမှာ ကျိန်စာသင့် မျက်နှာဖုံး တပ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဘဝကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရတယ်။

Sunday, December 20, 2009

သင့်နေ့နံ အတွက် ယတြာ

တနင်္ဂနွေ
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်
သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။



တနလာၤ

“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။


အင်္ဂါ
ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။




ၥၥၰဗုဒၶဟူး
ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။



ကြာသပတေး

မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။


သောကြာ
သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။





စနေ

* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

Friday, December 18, 2009

ရွေးချယ် ရတော့မယ်ဆိုရင်

ဘုရားသခင်က ဆိတ်ကို အုပ်စုနှစ်စုခွဲပြီး တစ်အုပ်ကို တောင်အရပ်က မြက်ခင်းမှာ လွတ်ထားပြီး ကျန်တစ်အုပ်ကို မြောက်အရပ်မှာ လွတ်ထားလိုက်တယ်။ အဲဒီအရပ်မှာ ဆိတ်ရဲ့ ရန်သူဖြစ်တဲ့ ခြင်္သေ့နဲ့ ၀ံပုလွေတွေရှိတယ်။ ဘုရားသခင်က ဆိတ်တွေကို ခြင်္သေ့ယူမလား.. ၀ံပုလွေ ယူမလားလို့ ရန်သူ အရွေးခိုင်းတယ်။ ၀ံပုလွေရွေးရင် တစ်ကောင်ဖြစ်ပြီး ဆိတ်တွေကို အချိန်မရွေး ကိုက်ဖြတ်စားပစ်လို့ရတယ်။ ခြင်္သေ့ရွေးရင် နှစ်ကောင်ဖြစ်ပြီး ဘယ်ခြင်္သေ့ရဲ့ အစားကို ခံချင်သလဲဆိုတာ ရွေးနိုင်တယ်။

မေးခွန်းက သင်ဟာ အဲဒီဆိတ်အုပ်စုထဲမှာ ပါခဲ့ရင် ခြင်္သေ့ကို ရွေးမလား..? ၀ံပုလွေကို ရွေးမလား..? ကိုယ်ရွေးချယ်တဲ့ အဖြေကို မှတ်ထားပြီး ဆက်ဖတ်ပါ....

တောင်အရပ်မှာရှိတဲ့ ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ကြမ်းကြုတ်တော့ ၀ံပုလွေကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မြောက်အရပ်က ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ဆိုးတယ်ဆိုပေမဲ့ ဘယ်ခြင်္သေ့ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ခွင့် ငါတို့မှာ ရှိသေးဆိုပြီး ခြင်္သေ့ပဲ ယူမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဝံပုလွေက တောင်ဖက်က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ၀ံပုလွေက ခန္ဓာသေးတော့ ဆိတ်တစ်ကောင်ကို ၂ရက် ၃ရက်လောက်စားရတယ်။ ဒါကြောင့် ဆိတ်တွေက ၂ရက်၃ရက်နေမှ ၀ံပုလွေရဲ့ အကိုက်အဖြတ်ကို ခံရတယ်။

မြောက်ဖက် ဆိတ်တွေက ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကို အရင်ရွေးတယ်။ ခြင်္သေ့က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ခန္ဓာကိုယ်ကလည်း ကြီးထွားတော့ တစ်ရက်ကို တစ်ကောင်နှုန်းနဲ့ စားတော့တယ်။ ဆိတ်တွေက နေ့တိုင်း စိတ်ခြောက်ခြားစွာနဲ့ ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို ခံနေရတယ်။

ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို နေ့တိုင်းခံနေရတော့ မြောက်အရပ်က ဆိတ်တွေက နောက်ခြင်္သေ့တစ်ကောင်ကို ရွေးပြန်တယ်။ အဲဒီခြင်္သေ့ကလည်း ဆာလောင်နေတာ ကြာတော့ ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်ပြီး အားရပါးရစားတော့တာပဲ။ ဆိတ်တွေက မြက်စားဖို့ အချိန်တောင်မရကြဘဲ ခြင်္သေ့ရန်ကိုပဲ တထိတ်တလန့် ရှောင်နေရတော့တယ်။

ဝံပုလွေကို ရွေးလိုက်တဲ့ တောင်ဖက် ဆိတ်တွေက မြောက်အရပ်က ဆိတ်တွေကို ဦးနှောက်မရှိဘူးဆိုပြီး လှောင်ရီကြတယ်။ မြောက်ဖက် ဆိတ်တွေက ခြင်္သေ့ကို ရွေးမိတဲ့အတွက် နောင်တတွေ ရကြပြီး ဘုရားသခင်မှာ ခြင်္သေ့အစား ၀ံပုလွေပေးဖို့ တောင်းဆိုတယ်။ ဘုရားသခင်က ရွေးပြီးသားကို ပြန်ပြင်လို့ မရတဲ့အကြောင်း၊ ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကိုသာ ရွေးခွင့်ရှိကြောင်း ပြောတယ်။

ခြင်္သေ့နှစ်ကောင်လုံးက ရိုင်းစိုင်းကြမ်းကြုတ်တဲ့အတွက် ဘယ်တစ်ကောင်ရွေးရွေး ဆိတ်တွေ အလူးအလှိမ့် ခံနေရတယ်။ ခြင်္သေ့တစ်ကောင်က သူတို့ကို စားပြီး ၀ဖြိုးလာမှ ဆိတ်တွေက ငတ်မွတ်နေတဲ့ နောက်ခြင်္သေ့တစ်ကောင် အလှည့်ကို ရွေးကြတယ်။ အဲဒီလို ရွေးချယ်တော့ အငတ်ခံထားရတာ ကြာပြီဖြစ်တဲ့ ခြင်္သေ့က ဒီလို အမြင်ကို ရလိုက်တယ်။ ငါဟာ ဘယ်လောက် ကြမ်းကြုတ်လဲ ဆိတ်အကောင် ၁၀၀နဲ့တော့ မယှဉ်နိုင်ဘူး။ ငါ့ရဲ့ စားသောက်ခွင့်က ဆိတ်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ ဆိတ်တွေက အချိန်မရွေး ငါ့ကို နောက်တစ်ကောင်နဲ့ လဲလိုက်နိုင်တယ် လို့ တွေးပြီး ဆိတ်တွေကို တလေးတစား ဆက်ဆံတော့တယ်။ ဖျားနာတဲ့ဆိတ်နဲ့ ဆိတ်သေတွေကိုပဲ စားတော့တယ်။ ဆိတ်တွေကလည်း ခြင်္သေ့ရန်က လှည့်ပတ် ပြေးနေစရာ မလိုတော့ ၀ဖြိုးလာတဲ့ ခြင်္သေ့အစား ပိန်လှီတဲ့ ခြင်္သေ့ကိုပဲ ရွေးကြတယ်။

ဒါကို ဆိတ်အိုတစ်ကောင်က “ဒီခြင်္သေ့က ငါတို့သူ့ကို မရွေးမှာစိုးလို့ ငါ့တို့အပေါ် ဒီလိုကောင်းနေတာဖြစ်တယ်။ ဟိုဝဖြိုးတဲ့ ခြင်္သေ့က ငတ်မွတ်ပြီး သေသွားခဲ့ရင် ငါတို့မှာ ဘယ်တစ်ကောင်ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး။ အဲဒီအချိန်ကျရင် ဒီပိန်လှီနေတဲ့ ခြင်္သေ့က ငါတို့ကို ဇာတိပြလိုက်မယ်” လို့ သတိပေးတယ်။

ဆိတ်အိုရဲ့ သတိပေးချက်ကို အားလုံးက သဘောတူကြတယ်။ ခြင်္သေ့တစ်ကောင် ၀လင်ပြီး အခြားခြင်္သေ့တစ်ကောင် ငတ်မွတ်နေပြီဆိုရင် ဆိတ်တွေက ခြင်္သေ့တွေကို လှဲလှယ်ကြတော့တယ်။ ငတ်မွတ်နေတဲ့ ခြင်္သေ့က သူ့ရဲ့ စားသောက်ပိုင်ခွင့်ဟာ ဆိတ်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သိတော့ ဆိတ်တွေကို လေးစားတယ်။ ကိုယ့်အလှည့် ကြာရှည်ခံဖို့ ဆိတ်သေနဲ့ နာမကျန်းတဲ့ ဆိတ်ကိုပဲ ရွေးစားတော့တယ်။

ဝံပုလွေကို ရွေးမိတဲ့ တောင်အရပ် ဆိတ်တွေရဲ့ အခြေအနေက ပိုပိုဆိုးရွားလာခဲ့တယ်။ တစ်ကောင်ထဲ ပြိုင်ဖက်မရှိဘဲ ဘုရင်လုပ်နေတဲ့ ၀ံပုလွေက ဆိတ်တွေကို အချိန်မရွေး ဖမ်းယူစားသောက်တယ်။ ဆိတ်သားကို မစားဘဲ ဆိတ်ရဲ့နှလုံးသွေးကိုပဲ သောက်ယူဖို့ တစ်ရက်ကို တစ်ကောင်နှုန်း မဟုတ်တော့ဘဲ တစ်ရက်ကို ဆယ်ကောင်နှုန်းနဲ့ ဖမ်းစားတော့တယ်။ ဆိတ်တွေရဲ့ စိတ်ထဲမှာက “အစက ကြိုသိခဲ့ရင် ခြင်္သေ့ကိုပဲ ရွေးပါတယ်” လို့ နောင်တတွေ ရနေကြတယ်။

လွယ်ကူတဲ့ ရွေးချယ်ပုစ္စာလေး တစ်ခုပါပဲ။ လူတွေရဲ့ ရပ်တည်မှုနဲ့ တည်နေရာပေါ်မှာ မှုတည်ပြီး ရွေးချယ်မှုတွေ ကွဲပြားကြမှာပါ။ အနောက်နိုင်ငံက လူတွေကို မေးရင် အများစုက ခြင်္သေ့ကိုရွေး ကြပြီး အရှေ့နိုင်ငံက လူတွေကို မေးရင် အများစုက ၀ံပုလွေကို ရွေးကြမှာပဲ။

ရွေးချယ်ပိုင်ခွင့်ရှိမှ လွတ်လမ်းကို ရကြသတဲ့...
ရွေးချယ်ပိုင်ခွင့် မရှိတဲ့ဘ၀က သတ်ဖြတ်မှုကိုပဲ ခံနေရတော့တယ်။

တခါတလေ

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?

ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။
ကတ်ကြေးကို ကပ်ကျေးလို့ သတ်ပုံမှား ရေးမိတာ... မောင်ဂေါက်ကယ်ပေးလို့... တော်သေးတယ်

စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)

ရင်ထဲထိသော

“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။ ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။ တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊ နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။ သင်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။ ဘယ်တစ်ယောက်ကို သင်ရွေးမလဲ..”



အားလုံး တော်ကြပါတယ်။ အားလုံးအလုပ်ရနိုင်တယ်..ဟား..ဟား
အခုဖတ်ရတဲ့ အထဲမှာတော့ တစ်ယောက်ပဲ အရွေးခံလိုက်ရပါတယ်တဲ့။ လူအများ ဖြေကြတာက လူမမာ အဘိုးအိုကို အရင်ကယ်မယ်။ တစ်ချို့ကလည်း ဒါဟာ ကျေးဇူးဆပ်လို့ကောင်းတဲ့ အခွင့်အရေးမို့ ကိုယ့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန်ကို တင်ခေါ်သွားမယ်။ တစ်ချို့ကလည်း ကျေးဇူးကနောက်ကြုံရင် ဆပ်လို့ရသေးတယ် ကိုယ်ချစ်တဲ့လူနဲ့ ထပ်ဆုံဖို့ အခွင့်အရေးက ဒီတစ်ခါပဲရှိတာမို့ ဒီအခွင့်အရေးကို လက်လွှတ် မခံဘဲ သူ့ကိုတင်ခေါ်သွားမယ်။

ဖြေတဲ့လူအယောက်၂၀၀မှာ အရွေးခံရတဲ့လူ တစ်ယောက်ပဲရှိတယ်တဲ့။ သူ့ရဲ့အဖြေ ကတော့ အခုဝင်ဖြေသွား ကြတဲ့ လူတွေရဲ့အဖြေနဲ့ ထပ်တူပါပဲ။
“ကားသော့ကို ဆရာဝန်ကို ပေးလိုက်ပြီး အဘိုးအိုကို တင်သွားခိုင်းမယ်။ ကျွန်တော် ကတော့ ကိုယ်ချစ်တဲ့လူနဲ့ မှတ်တိုင်မှာ ကားစောင့်ရင်းနေခဲ့မယ်” ဆိုတဲ့ အဖြေပါပဲ။ ၀င်ဖြေတဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်နောက် စိတ်ဝင်စားစရာ ပဟေဠိ တွေကို တင်သွားပါဦးမယ်။း)

လူတွေက ကိုယ့်လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားတဲ့ ကားသော့နဲ့တူတဲ့ အချို့အရာ တွေကို (ဥပမာ- အတ္တ၊ မာန၊ မာန်၊ ခေါင်းမာမှု) လက်လွှတ် တတ်ခဲ့မယ်ဆိုရင် ကိုယ်လိုချင်တာကို ပိုရနိုင်လိမ့်မယ်လို့ ဥာဏ်စမ်းအဆုံးမှာ ရေးထားပါသေးတယ်။

Wednesday, December 16, 2009

ဟ ငါမိန်းမကို ဘာလုပ်လိုက်တာလဲ

မိန်းမဖြစ်သူမိုးယုစံမီးဖွားတော့မည်ဖြစ်
သောကြောင့် ယောက်ျားဖြစ်သူကိုလမင်းသားကဆရာဝန်ကိုအေးထွဋ်ကို

ဖုန်းဆက်ခေါ်သည်။ ဆရာဝန်ကိုအေးထွဋ်ရောက်လာပြီး.....

"လူနာရော"

"အခန်းထဲမှာ"

"ခင်ဗျားအပြင်မှာနေနော်"

"ဟုတ်ကဲ့"

ခဏလေးကြာတော့ ကိုအေးထွဋ်က တံခါးဟလိုက်ပြီး

"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"

"ဟုတ်"

ယောက်ျားဖြစ်သူ ကိုလမင်းသားကယူပေးလိုက်တယ်။ ကိုအေးထွဋ်က၀င်သွားပြီး

ပြန်ထွက်လာတယ်။

"ပလာယာပါလို ချင်တယ်"

"ဟုတ်"

တစ်မိနစ်လောက်ကြာတော့

"စို့ နဲ့ တူသာပေးပါတော့"

ဟုတ်ကဲ့ ငါ့မိန်းမ ဘာများဖြစ်နေပြီလဲမသိဘူး

ဒီတော့လူနာရှင် ကိုလမင်းသားကစိုးရိမ်ပြီး-

"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"

"မပြောတတ်သေးဘူး ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "

Saturday, December 12, 2009

ဆရာဝန်လေးတွေ

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
ထို ဆရာသည်ကား ဆရာဝန်လောင်းများ ကြောက်ရွံ့ ရိုသေရသောဆရာပါ။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…ဆရာဝန်ဆိုတာ အရသာခံယုံ နဲ့ တင် ဘာရောဂါဆိုတာ သိတဲ့ ပညာရပ်ပဲ ” ဆရာ မျက်နှာက တည်ကြည်နေသည်။

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”

ဘယ်ရမလဲ


ကိုလမ်းပတ်= မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။
ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ကိုဒရော့ဘာ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ကိုလမ်းပတ် = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ကိုဒရော့ဘာ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း
အဲ့ဒီကုတင်အောက်က ထွက်ခဲ့တဲ့ မထွက် လာရင် အသေပဲတဲ့
.. ...... ဟီး ဟီး …။
ကိုသာထက်ဇော် = ဟိုက် - သေလိုက်ပါတော့ကွာ …… ။...

ပညာရှိ

တစ်ခါက တိုင်းပြည်နှစ်ပြည်မှာ ညီနောင်ဝမ်းကွဲ မင်းနှစ်ပါး
အသီးသီးအုပ်ချုပ်လျှက်ရှိသတဲ့။ နောင်တော်မင်းသည် ညီတော်၏တိုင်းပြည်အား
စစ်မက်ပြုပြီး သိမ်းပိုက်ဖို့ အမြဲကြံစည်နေတယ်။
တစ်နေ့မှာ လူသူလက်နက်အလုံးအရင်းဖြင့် မြို့အားဝန်းရံပြီး ညီတော်အား .. ''
မေးခွန်း (၃)ခုမေးမည် ၊ မဖြေနိုင်က နိုင်ငံကိုသိမ်းမည်။
အားလုံးဖြေနိုင်လျှင် တပ်ရုတ်သိမ်း၍ ပြန်မည် …'' ဟု ရာဇသံပို့သည်။
ညီတော်မင်းလည်း ''မေးခွန်းအား မည်သူဖြေနိုင်မည်နည်း ၊ ဖြေနိုင်သူကို
အိမ်ရှေ့စံနှင်း၍ သူကောင်းပြုမည်'' ဆိုပြီးကြေငြာတာပေါ့။ ဒါပေမယ့်
ဘယ်သူမျှ မဖြေ၀ံ့ကြဘူးတဲ့ ။ ကိုယ်ဖြေလို့မှားသွားရင်ဖြင့်
ဒုက္ခများမှာကိုး .. ။
အဲဒီအချိန်မှာပဲ အမူးသမားတစ်ယောက် စင်ပေါ်တက်လာပြီး ''မေးခွန်းအား
ကျုပ်ဖြေမည် ၊ မေးပါ ..'' လို့ ဆိုသတဲ့။ အားလုံးကလည်း
အံ့အားသင့်နေကြတာပေါ့။ မဟာပညာရှိကြီး ဆိုပြီး အားကိုးတကြီးနဲ့
ကြည့်နေကြတယ်။

မေးခွန်းတွေကအသံတိတ်တွေ ၊ အမူအရာနဲ့ပဲမေးတယ်။

ပထမမေးခွန်းကိုစမေးတယ် -
မေးတဲ့သူက အမူးသမားကို လက်ငါးချောင်းထောင်ပြတယ်။
အမူးသမားက လက်ဆယ်ချောင်း ပြန်ထောင်ပြလိုက်တယ်။
အဖြေမှန်သွားပါတယ် ..

ဒုတိယမေးခွန်းက -
ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြတယ်။
အမူးသမားက ရင်ဘတ်ကိုကော ကျောကိုကော ပြန်ပုတ်ပြလိုက်တယ်။
ဒုတိယအဖြေ မှန်သွားပြန်ပါတယ် ..

တတိယမေးခွန်းမှာတော့ -
မေးတဲ့သူက အမူးသမားကို လက်သီးလက်မောင်း တန်းပြတယ်။
အမူးသမားက ပုဆိုးပြန်လှန်ပြလိုက်တယ်။

ဒီလိုနဲ့ အဖြေအားလုံးမှန်သွားပါတယ်။
ဝိုင်းထားတဲ့စစ်တပ်ကြီးလည်း ကတိအတိုင်း ပြန်ရုတ်သွားတယ်။

တိုင်းသူပြည်သားတွေကလည်း ချီးကျူး ၊ ဘုရင်ကလည်း အမူးသမားကို
အိမ်ရှေ့အရာနှင်းတာပေါ့။
နန်းတွင်းက ပညာရှိအမတ်တွေဟာ သူတို့တောင် မဖြေနိုင်တဲ့ မေးခွန်းတွေရဲ့
အဓိပ္ပါယ်ကို သိချင်လွန်းတဲ့အဆုံး အသစ်စက်စက် မဟာပညာရှိ အိမ်ရှေ့စံ
ကိုယ်တော်လေးထံ ချည်းကပ်မေးမြန်းကြတာပေါ့။
ဒီတော့ မဟာပညာရှိကိုယ်တော်လေးက ရှင်းပြတယ် ..
'' အလကားပါဗျာ .. ဒီကောင်တွေက ကျုပ်ကို အရက်သမားမှန်းသိလို့ ထင်တယ် ''
''မင်း တစ်နေ့ကို အရက်ငါးလုံး သောက်နိုင်လား'' လို့မေးတယ် ၊ ကျုပ်ကလည်း
''ငါးလုံးမကဘူး ဆယ်လုံးကုန်အောင်သောက်နိုင်တယ်'

'လို့ ပြန်ဖြေလိုက်တယ်။
ဒီတော့ ''မင်းဒီလိုသောက်တာ ရင်မပူဘူးလား'' ဆိုပြီး ရင်ဘတ်ကိုပုတ်ပြတယ်။
ကျုပ်လည်း ''ရင်တင်မကဘူး ကျောပါပူတာပေါ့ကွာ'' ဆိုပြီးပြန်ပြောလိုက်တယ်။
နောက်ဆုံး ''မင်းဒီလောက်မိုက်တာ ငါနဲ့ချမလား''
ဆိုပြီးလက်သီးလာထောင်ပြတယ်။ ကျုပ်လည်း ''မင်းနဲ့တော့မချဘူး မင်းတို့ကို
ဒါပဲထင်တယ်ကွာ'' ဆိုပြီး ပုဆိုးလှန်ပြလိုက်တာ
သူတို့ဘာမှပြန်မပြောရဲတော့ဘူးလေ .. ဟား ဟား ''

မေးခွန်းတွေရဲ့အဓိပ္ပါယ်အမှန်ကဒီလို ..
(၁) မင်းတို့ဘုရင်က ငါးပါးသီလနဲ့ပြည့်စုံလား .. ။
(အမူးသမားက လက်ဆယ်ချောင်းပြန်ထောင်ပြလိုက်တော့ '' ငါးပါးတင်မကဘူး
ဆယ်ပါးသီလနဲ့ပါ ပြည့်စုံတယ်'' လို့ထင်သွားတာ)

(၂) မင်းတို့ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်သလား .. ။
(အမူးသမားက ရင်ဘတ်ကော ကျောကုန်းကော ပုတ်ပြလိုက်တော့ ''ကျောသားရင်သား
မခွဲခြားပဲ စောင့်ရှောက်တယ်'' လို့ထင်သွားတယ်)

(၃) မင်းတို့ဘုရင်က လက်ရုံးရည်နဲ့ ပြည့်စုံလား .. ။
(ပုဆိုးလှန်ပြလိုက်တာကို '' လက်ရုံးရည်တင်မကဘူး ၊
နှလုံးရည်နဲ့ပါပြည့်စုံတယ်'' လို့ ယူဆသွားတာကိုး ...

Thursday, December 10, 2009

ရင်ခုန် စရာကြီး

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး
ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်
တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း
တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "


"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…

အရက်ကြောင့်ပါ



အရက်ကြောင့်မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ ဖြစ် ရောဂါပေါင်းစုံရ

ဆရာဝန်ကဖြတ်ခိုင်းတာကိုပဲရောဂါဖြစ်နေတုန်းခဏနားပြီး ပြန်ပြန်

သောက်နေတဲ့  ကိုပေတလူဟာ တကယ်အရက်ပြတ်သွားတယ်။

ဒီတော့ဆရာဝန်က......

ကိုပေတလူ ခင်ဗျား ကျုပ်ဖြတ်ဖို့ ပြောတုန်းကတော့ အရက်မဖြတ်ပဲနဲ့ 

ခုဘယ်လိုလုပ်အရက်ပြတ်သွားတာလဲ

ကျွန်တော် မူးပြီး ယောက္ခမကြီးကို လေသေနတ်နဲ့ ပစ်မိလို့ ဆရာ

ယောက္ခမကြီးဘာဖြစ်သွားသေးလဲ

ကျွန်တော့ကမူးနေတော့ဘယ်မှန်မလဲဆရာ။ အဲဒါနဲ့ ဖြတ်လိုက်တာပါ။