Thursday, March 25, 2010

ထိပ်ဖောက်မယ်

တစ်ခါက
ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့ ပထမ
ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “
မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်”
လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။
ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ
ကောင်လေး ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။

No comments:

Post a Comment