Monday, January 25, 2010
မြန်မာနိုင်ငံ၏ စစ်မှန်သော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့ သိထားရမည့် အခြေခံ အချက်များ
အဲဒီ ဆိုဒ် ထဲမှာလဲ လူငယ်တွေရဲ့ ဆဲဆိုသံတွေ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ကျွန်တော်ကတော့
ကျောက်ကွင်း ၀ါဒပြိုင်ပွဲ စာအုပ်ကို ကိုးကားပြီး ကို ဗုဒ္ဓဘာသာဝင်များအတွက် တင်ပြလိုက်ရပါတယ်။
အောက်ဆုံး အပိုဒ်သည်ကား ဗုဒ္ဓဘာသာဝင်များအတွက် လုံးဝ သိထားသင့်သောအချက်များပင်ဖြစ်ပါသည်။
အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသ အဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်´´။
``နာလာဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ်ရဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့တယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို http://messengerforbuddhist.blogspot.com/ ကို ရေးသားတဲသူက ဗုဒ္ဓဘုရားဟောပါ ဆိုပြီး ဝေဖန်သွားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။
`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော်(၁၂)ပါးတို့ ဆိုတာ တာဝတိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။ သစ္စက ပုရပိုက်နှင့် ဗုဒ္ဓဟာ အနတ္တ၀ါဒ ကိစ္စ မေးတာ သစ္စက အားလုံးကို ၀န်ခံရတယ်။အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ´´ ။
ဗုဒ္ဓဘာသာအကြောင်း အကျဉ်းချူံးပြီး ရှင်းရှင်းတင်ပြပါမယ်.။
+ ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ ?
+ ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ ?
+ ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲ ?
+ အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်တရား ၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်ဖြစ်သလဲ?
+ လောကီအနေဖြင့် ဘာအကျိုးရှိသလဲ ?
+ လောကုတ္တရာအနေဖြင့် ဘယ်လိုဖြစ်သလဲ ?
``အဲဒါတွေကို သိရင် ဗုဒ္ဓ၀ါဒရ့အနှစ်ချူပ်ကို သိရှိနိုင်ပါတယ်။ အဲဒီလို သိရင်ပဲ ဗုဒ္ဓ ဘာသာ၊ ဗုဒ္ဓ၀ါဒဟာ ကမ္ဘာမှာအမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားပါလိမ့် မယ်….´´။
`` ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)လောက် အိန္ဒိယနိုင်ငံမှာအ ထောကအထား ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ သစ္စာလေးပါး Aမှန် တရားကို ဆရာမကူ သယမ္ဘူဥာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့ တဲ့အတွက် ဗုဒ္ဓအမည့် ဘွဲ့တော်ရှိတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသာနာတော်ကို ယုံ ကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့ ဘာသာဝါဒ ဖြစ်ပါတယ်….´´။
`` သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရန် ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ဗုဒ္ဓဘာ သာဝင်တွေက ဆည်းကပ် ခံယူခြင်းပဲ ဖြစ်ပါတယ်..´´။
`` ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ၀ဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်ပါတယ်။အဲဒီ ပန်းတိုင် ရောက်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂေါတမ ညွန်ပြဆုံးမတော်မူခဲ့တဲ့ တရား ဓမ္မများကို ကိုယ့်Aားကိုယ်ကိုး ကိုယ်တိုင်ကျင့်သုံးကြရမယ်။အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားကို ကျင့်သုံးကြရမှာက ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်….´´။
`` ဗုဒ္ဓဘာသာဗုဒ္ဓ၀ါဒဟာ လောကီရေးရာ တိုးတက်ကြီးပွားမှုကို မဟန့်တားသလို ဆုတ်ယုတ်နိမ့်ကျမှုကိုလည်း အားမပေးပါဘူး။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ သမ္ပဒန် တရား လေးပါးနှင့်အညီ ကျင့်သုံးကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လက်တွေ့မျက်တွေ့ကြီးပွား တိုးတက်နိုင်ပါတယ်၊ အဲဒီလို လောကီရေးရာများကို ဆောင်ရွက်ရင်းနဲ့ဘဲ လောကုတ္တရာတရားများ ကိုလည်း ကျင့်သုံးသွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်ဝန်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီး အဆင်ပြေအောင်နေထိုင်နိုင်ပါတယ်။ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ အတူနေထိုင် ၀န်မလေးပါဘူး၊ အထောကအထား ဒေသနာတော်တွေအများကြီးရှိပါတယ်။
ဒီလောက်သာ တင်ပြချင်ပါတယ်။ ဗုဒ္ဓဘာသာ ဟာ မဟုတ်မမှန် သော ဘာသာ အဖြစ် ပြောဆိုလိုပါက သင် တကယ်ကိုးကွယ်ယုံကြည်သော ဘာသာကိုပါ သိချင်ပါသည်။ အဲဒီ ဘာသာရဲ့ လိုအပ်ချက်တွေ ကို ကျွန်တော် ထောက်ပြပါဦးမည်။
Monday, January 11, 2010
အသံမဲ့ ချစ်ခြင်းမေတ္တာ(99 စနေမှ ကူးယူပါသည်)
တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစား စပီကာမှ ချိုသာသော အသံသည် ရပ်ကွက်တိုင်းကို ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီနေသော ခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော်လှည့်ရောင်းနေသော ဆွံအနားမကြား အဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။
ကျွန်မအသက်နှစ်ဆယ်ကျော် လွန်မြောက်လာမှ ကျွန်မတစ်သက်စာမက အဖေအသုံးပြုခဲ့သော စက်ဘီးပေါ်က ခေါင်းလောင်းလေးနေရာတွင် ကျွန်မ၏အသံကို သတ္တိရှိရှိ အစားထိုးတပ်ဆင် အသုံးပြုရဲခဲ့သည်။ ဆွံအသော ဖခင်တစ်ဦးရှိခြင်းသည် ရှက်စရာကောင်းသည်ဟု ကျွန်မသုံးနှစ်သမီးအရွယ်ကပင် နားလည်ခဲ့သည်။ သိတတ်စအရွယ်ကပင် အဖေ့ကို ကျွန်မရွံ့မုန်းခဲ့သည်။ ကျွန်မအရွယ် ကလေးများ အဖေ့ထံတွင် အကြော်ဝယ်ပြီး ပိုက်ဆံမပေးဘဲ ထွက်ပြေးလျှင် လည်ပင်းကြောကိုဆန့်ပြီး တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဖေ့ကိုကြည့်ရင်း ကျွန်မ အလွန်ဝမ်းနည်းမိသည်။ အစ်ကိုများလို ထိုကလေးနောက်သို့ ပြေးလိုက်ပြီး လက်သီးနှင့် ထိုးမပစ်တတ်။ ထိုကလေးများကို ကျွန်မ မမုန်းမိ။ ကျွန်မမုန်းမိသည်မှာ အဖေဆွံအနေခြင်းဖြစ်သည်။
အမေဆုံးပြီးနောက်ပိုင်း အဖေနှင့်အစ်ကိုနှစ်ယောက်သည် ကျွန်မအပေါ် အချစ်တွေပိုခဲ့ကြသည်။ အမေချန်ထားရစ်ခဲ့သော တစ်ခုတည်းသော ပစည်းမှာ အမေအပျိုတုန်းက ဘေးအိမ်မှ အဒေါ်ကြီးနှင့်အတူ တွဲရိုက်ထားသော အဖြူအမဲ ဓာတ်ပုံတစ်ပုံဖြစ်သည်။ အဖေ့ကို ကျွန်မစကားပြန်မပြောသည့် အခါတိုင်း၊ အဖေ့ကိုဆောင့်အောင့်ပြသည့်အခါတိုင်း အဖေသည် ထိုဓာတ်ပုံကို ထုတ်ကြည့်နေတတ်သည်။
“လူ အ သမီး... လူ အ ကြီးသမီး” ဟု အခြားကလေးများ နောက်ပြောင်လျှင် ကျွန်မအလွန်ဝမ်းနည်းမိသည်။ ထိုကလေးများကို ကျွန်မပြန်မပြောနိုင်သည့်အခါတိုင်း အိမ်သို့ပြေးပြန်ပြီး အကြော်ကြော်နေသော အဖေ့ရှေ့ မြေကြီးပေါ်တွင် စက်ဝိုင်းသဏ္ဍာန် အ၀ိုင်းကိုဆွဲခြစ်ပြီး အလယ်ဗဟိုကို တံတွေးထွေးပစ်ခဲ့တတ်သည်။ ထိုအပြုအမှုကို ကျွန်မကိုယ်တိုင် နားမလည်သော်လည်း ကျွန်မဒေါသထွက်တိုင်း၊ မကျေနပ်တိုင်း အဖေသည် ကျွန်မစိတ်ထွက်ပေါက်ရှာရာ နေရာဖြစ်ခဲ့သည်။ အလှောင်ခံရတိုင်း အဖေ့ရှေ့တွင် ကျွန်မပေါက်ကွဲမိတတ်သည်။ စိတ်တိုင်းကျပြောဆိုပြီးမှ ကျေနပ်စွာ ထွက်သွားသော ကျွန်မကိုကြည့်ရင်း အဖေသည် တစ်ယောက်တည်း ငေးငိုင်ကျန်နေခဲ့မြဲဖြစ်သည်။
အလှောင်ခံရသော ပတ်ဝန်းကျင်မှ ကျွန်မရှောင်ပြေးချင်ခဲ့သည်။ ကျွန်မစာကြိုးစားခဲ့သည်။ ဘွဲ့ရပညာတတ်လျှင် ဤရွာကလေးမှ ကျွန်မခွာမည်။ လူအကြီး၏သမီးအဖြင့် လူတိုင်းလိုလို သိနေသော နေရာမှထွက်သွားနိုင်ရန် ကျွန်မဆုံးဖြတ်ချက်ချမိသည်။ အိမ်ထောင်ပြကုန်ကြပြီဖြစ်သော အစ်ကိုများ၏ ရည်ရွယ်ချက်ကို ကျွန်မ မသိ။ အဖေ၏အကြော်ဖိုသည် ထင်းမည်မျှစားလိုက်မှန်း ကျွန်မစိတ်မ၀င်စား။ နွေမှဆောင်း၊ ဆောင်းမှမိုး ပြောင်းလဲနေသည်။ ပွတ်တိုက်ဖန်များသောကြောင့် အဆံတိုသွားသော အဖေ့၏ မပီမသ ခေါင်းလောင်းသံမှာ ဘယ်နှစ်ရွာကို ဖြတ်ပြီးပြီဆိုတာကိုလည်း ကျွန်မ သတိမထားမိတော့။ ကျွန်မ၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ စာကြိုးစားပြီး ဤရွာလေးကို စွန့်မည်။
အဖေသည် အမေရှိစဉ်က ချုပ်ခဲ့သော အကောင်းဆုံးဟုထင်ရသော ပိတ်ကြမ်းအင်္ကျီကိုဝတ်လျှက် မိုးဦး၏ မီးရောင်မှိန်မှိန်အောက်တွင် ထိုင်နေသည်။ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးနှင့် ပါးစပ်မှ ၀ူးဝူးဝါးဝါး မပီမသပြောရင်း ဆီများပေကျံနေသော ငွေစက္ကူတစ်ထပ်ကို ကျွန်မလက်ထဲသို့ အတင်းထိုးထည့်နေသည်။ ထိုနေ့က ကျွန်မ အောင်စာရင်းထွက်သောနေ့ဖြစ်သည်။
တက္ကသိုလ်ကျောင်းသူဖြစ်တော့မည့် ကျွန်မကို ဂုဏ်ပြုသည့်အနေဖြင့် အဖေက ထမင်းစားပွဲလေးတစ်ခု ကျင်းပပေးခဲ့သည်။ ထမင်းစားနေစဉ် ဆွေမျိုးများရှေ့တွင် အဖေ့ပန်းကန်ထဲသို့ ဟင်းများကို ကျွန်မခူးထည့်ပေးလိုက်သည်။
“အဖေ ဟင်းတွေစားပါ” အဖေမကြားနိုင်မှန်း သိသော်လည်း ကျွန်မစိတ်ကို ခန့်မှန်းလို့ရသည် ထင်၏။ ဟင်းများကိုစားရင်း မျက်ရည်နှင့်အရက်ကို ရောပြီး အဖေမျိုချလိုက်သည်။ (၁၈)နှစ်အတွင်း ပထမဦးဆုံးမြင်ရသော ကျွန်မ၏ အဖေဟုခေါ်သော ပါးစပ်အမှုအရာကြောင့်ဖြစ်မည်။ ထိုညနေက အဖေသည် လက်ဟန်ခြေဟန်ဖြင့် စကားတွေများနေခဲ့သည်။ အဖေပျော်ပြီး မူးနေခဲ့သည်။
အဖေ အလုပ်ပိုကြိုးစားခဲ့သည်။ ဆီပေနေသော အကြော်ရောင်းရငွေများဖြင့် ကျွန်မကျောင်းပြီးသည်အထိ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သည်။ ကျောင်းပြီးတော့ ကျွန်မတို့ရွာနှင့် မိုင်ပေါင်း(၃၀)ခန့်ဝေးသောမြို့တွင် မူလတန်းပြဆရာမအဖြစ် အလုပ်ရခဲ့သည်။ အဆင်ပြေနေသားကျမှ ကျွန်မနှင့်အတူနေဖို့ အဖေ့ကို သွားရောက်ခေါ်ယူခဲ့သည်။ သမီးမိုက်၏ နောက်ကျမှသိလာသော အမှားများအတွက် အဖေ့ကို ၀န်ချတောင်းပန်ရဦးမည်။
ကျွန်မစီးသောကားမှာ ရွာမရောက်ခင် လမ်းခုလပ်တွင် တိမ်းမှောက်သွားခဲ့သည်။ သတင်းကြားကြားချင်း အဖေနှင့်အစ်ကိုများက အခင်းဖြစ်ရာနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။ အစ်ကိုနှင့်မရီးများက သွေးအလှိမ့်လှိမ့်ဖြင့် မေ့မြောနေသော ကျွန်မကို ပွေ့ဖက်ငိုလေသည်။ အဖေသည် သေလုမြောပါးဖြစ်နေသော ကျွန်မကိုပွေ့ချီပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အစ်ကိုများ၏ ပြောပြချက်အရ ပိန်လှီသောအဖေသည် ထိုအချိန်တွင် ကျွန်မကိုပွေ့ချီရာမှာ ခွန်အားပါလှသည်။ ဆေးရုံသို့ရောက်သော် ဆရာဝန်မှာ စစ်ဆေးမှုများပြုလုပ်ပြီး မြို့ဆေးရုံသို့ ပြောင်းစေခဲ့သည်။ အစ်ကို့ကိုလည်း ကျွန်မမှာကယ်တင်ဖို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အသိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မမှာ မေ့မြောနေဆဲဖြစ်ပြီး သွေးတိုင်း၍မရအောင် သွေးပေါင်များ ကျနေခဲ့သည်။
အဖေမှာ ကိုယ်လက်အမှုအရာများဖြင့် ဆရာဝန်အား ကျွန်ကို ကြိုးစားကယ်တင်ဖို့ တောင်းဆိုနေသည်။
“ကြိုးစားကုသဖို့ ငွေတွေတော်တော်ကုန်လိမ့်မယ်။ ငွေကုန်တယ်ထားဦး သူ့အသက်ပြန်ရှင်ချင်မှ ရှင်လိမ့်မယ်”
ဆရာဝန်၏ ပြောစကားကို အစ်ကိုက လက်ဟန်ဘာသာစကားဖြင့် အဖေ့ကို ပြန်ပြောပြသည်။ ထိုစကားကိုကြားကြားချင်း အဖေသည် ဆရာဝန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက် ထရပ်လိုက်သည်။ အကြော်ကြော်သည့်ပုံစံ၊ ကောက်ရိတ်သည့်ပုံစံများကို လုပ်ပြသည်။ ဘာမှမရှိသောတော့ က အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြပြန်သည်။ သဘောမှာ.....
ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ။ ကျွန်တော်အကြော်ရောင်း ကောက်ရိတ်ပြီးရတဲ့ ငွေတွေကို ဆေးဖိုးဝါးခပေးပါမယ်။ ကျွန်တော်သားတွေ ရှိပါသေးတယ်။ လိုအပ်တဲ့ ငွေတွေကို ကျွန်တော်တို့ကြိုးစားရှာပါ့မယ်” ဆရာဝန်က ခေါင်းခါပြသည်။
အဖေမှာ အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြလိုက်၊ မြေကြီးကိုနင်းလိုက်၊ ရင်ဘတ်ကို ပုတ်ပြလိုက်နှင့် “အဲဒီငွေတွေ မလောက်သေးရင် ကျွန်တော့်အိမ်ကိုရောင်း၊ မြေကွက်ကိုရောင်းပြီး ပေးပါ့မယ်။ ကြိုးစားပြီး အသက်ကိုကယ်ပေးပါ။ လိုအပ်သလောက် ကျွန်တော်ပေးပါ့မယ်” ဆရာဝန်ကို ဘာသာပြန်ပြနေသော အစ်ကိုမှာ မျက်ရည်တွဲလဲနှင့်၊ သေဆုံးသူများစွာကို တွေ့ကြုံဖူးသော်လည်း နားထောင်နေသော ဆရာဝန်များနှင့် နပ်စ်များလည်း မျက်ရည်ဝဲလျှက်ရှိနေသည်။ သို့သော် အဖေလုံးဝ မျက်ရည်မကျခဲ့....
အဖေ၏ ကြီးမားသောမေတ္တာသည် ကျွန်မကိုကယ်တင်ဖို့ ဆရာဝန်များအား ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ခန်းအပြင်ဖက်တွင် အဖေသည် ပါးစပ်မှ တတွတ်တွတ်ရွတ်ရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ခွဲစိတ်ပြီး ကျွန်မမေ့မြောနေခဲ့သေးသည်။ ဆရာဝန်များက ကျွန်မကို လက်လျှော့လိုက်လေပြီ။ သို့သော်အဖေမှာ မေ့မြောနေသော ကျွန်မဘေးတွင်ရှိနေခဲ့သည်။ လက်ကြမ်းကြီးနှင့် ကျွန်မမျက်နှာကို ပွတ်သပ်ပေးပြီး ပါးစပ်မှားလည်း ၀ူးဝူးဝါးဝါး ရေရွတ်နေသည်။
“သမီးလေး နိုးလာပါတော့ သမီးလေးရယ်.... အဖေစောင့်နေတယ် သမီးလေး”
ကျွန်မ ဆေးကုသဖို့အတွက် အဖေသည် ရွာတကာလှည့်ပြီး အကြော်ရောင်းခဲ့သည်။ အဖေ့အကြောင်းကို သိထားကြသူများက အဖေ၏ သမီးအပေါ်ထားသော ကြီးမားသောမေတ္တာကြောင့် အဖေ့ကို အားပေးကြသည်။ သမီးအသက်ရှင်ဖို့အတွက် အဖေ့ယုံကြည်မှုများက ပိုခိုင်မြဲခဲ့သည်။
တစ်လအကြာ မေ့မြောနေရာမှ ကျွန်မသတိပြန်လည်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ကျွန်မတွေ့လိုက်သည်မှာက အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦး၊ မျက်နှာမှာ အံ့သြ၀မ်းသာသော အရိပ်ဖြင့် ပါးစပ်ကြီးဟလျှက် တစ်ခုခုအော်ဖို့ ကြိုးစားနေသော အဘိုးအိုတစ်ဦး၊ တစ်လအတွင်း ဆံပင်များ ဆွတ်ဆွတ်ဖြူကုန်ပြီး ပိုအိုစာသွားသော အဘိုးအိုတစ်ဦး...... ကျွန်မ၏ ဖခင်ဖြစ်သည်။ သားသမီးအပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာ၊ ငယ်စဉ်က အဖေ့အပေါ် ဆက်ဆံခဲ့သော ကျွန်မ၏ ရိုင်းပျသော အပြုအမှုများကို အမှတ်အတေး မထားတတ်သော အဖေ့၏ ခွင့်လွတ်တတ်သော စိတ်တွေကြောင့်ပင် ကျွန်မအသက် ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။
တစ်ခါတရံ ခေါင်းကိုက်တတ်သည်မှလွဲ၍ ကျွန်မပကတိ ကျန်းမာခဲ့သည်။ ကျန်ရှိနေသေးသော ဆေးဖိုးအကြွေးများကို အဖေနှင့်အတူ ကျွန်မတို့ ကြိုးစားဆပ်ခဲ့ကြသည်။ ကျွန်မအလုပ်လုပ်သော မြို့လေးတွင် အဖေကို ကျွန်မနှင့်အတူ နေစေခဲ့သည်။ အကြော်ဆက်မရောင်းရန် ပြောသော်လည်း မရောင်းရ မနေနိုင်သော အဖေ့အတွက် စက်ဘီးတစ်စီး ၀ယ်ပေးခဲ့သည်။ “ လူ အကြီး၏သမီး” ဟု အခေါ်ခံလှောင်ပြောင်ရမည်ကို ကျွန်မ မကြောက်တော့။ ထိုကဲ့သို့ အကြင်နာကြီးမားသော ဖခင်တစ်ဦးရှိခြင်းကို ကျွန်မ ဂုဏ်ယူမိနေသေးသည်။
အဖေ၏ စက်ဘီးပေါ်တွင် ကျွန်မအသံသွင်းထားသော စပီကာတစ်ခု တပ်ဆင်ပေးလိုက်သည်။ ကျွန်မ၏ ချိုသောသောအသံကို အဖေမကြားနိုင်သော်လည်း စပီကာခလုတ်ကို တစ်ချက်နှိပ်လိုက်တိုင်း အဖေသည် ခေါင်းမော့်ပြီး အားရကျေနပ်စွာ ပြုံးနေတတ်သည်။ ကျွန်မအသံနှင့်အတူ ရပ်ကွက်တကာလှည့်ပြီး ပျော်ရွှင်စွာ အကြော်ရောင်းနေတတ်သည်။
လူလူချင်းတွင် ချစ်ခြင်းမေတ္တာများသည် ကူးလူးဆက်ဆံနေကြသည်။ ကျွန်မတို့က ထိုချစ်ခြင်းမေတ္တာကို ခံစားနားလည်တတ်ဖို့ လိုသည်။ ခံယူမျှဝေတတ်ဖို့ လိုသည်။ ကြီးမားချိုသာသော မေတ္တာတေးသံမှာ အသံမဲ့ဖြစ်ကြောင်းကို ဆွံအနားမကြားသော ဖခင်မှ ကျွန်မသင်ယူခဲ့ရသည်။ ထိုအသံမဲ့တေးသံ၏ ခွန်အားကို သံသယရှိနေစရာ မလိုပေ။ ထိုခွန်အားမှာ ကျွန်မအား ပါးစပ်မှ ထုတ်ဖော်ပြောမပြနိုင်သော ဖခင်တစ်ဦး၏ သားသမီးအပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်အောင် အမြင့်ဆုံးသို့ တွန်းပို့ပေးခဲ့သည်။
“အနားပဲ့သော နေရာကို မကြည့်ခဲ့လျှင် ဖန်ခွက်တိုင်းသည် ၀ိုင်းစက်နေ၏။ လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိတတ်ကြသည်။ ထိုအားနည်းချက်ကို လျှစ်လျှူရှူသော် လူတိုင်းသည် လူကောင်းဖြစ်၏”
Sunday, January 10, 2010
ကောင်းသလား ဆိုးသလား
အုပ်စိုးသတဲ့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။
တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို
အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။
သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့
အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။
ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား" လို့ လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို
အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး
ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်
လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။
ဝမ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး
Thursday, December 31, 2009
ကျိန်စာသင့် မျက်နှာဖုံး ( 99 စနေ မှ ကူယူပါသည် )
ကျိန်စာသင့် မျက်နှာဖုံး
သနားစရာ ကောင်မလေးဟာ ရွာပြင်မှာ တစ်ယောက်တည်း ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့တယ်။ ကောင်မလေးကို မှတ်မိတယ်ဆိုလို့ ငယ်ပေါင်း ကစားဖော် ကစားဖက် ကောင်လေးတစ်ယောက်ပဲရှိခဲ့တယ်။ နောက်ဆုံးတော့ ကောင်လေးရဲ့အကူနဲ့ ကောင်မလေးကို လူတွေက အယုံအကြည် ရှိလာခဲ့တယ်။ နောက်ဆုံးမှာ ကောင်မလေး မျက်နှာပေါ်က မျက်နှာဖုံးကို ချွတ်လိုက်နိုင်ခဲ့တယ်။
“မနက်ဖြန် ငါ့ကို လေယာဉ်ကွင်း လိုက်ပို့အုန်းမလား” သူမနားနား သူတိုးတိုးလေး ကပ်မေးလိုက်တယ်။
“ဟင့်အင်း.. ငါငိုမိမှာ.. ” နုတ်ခမ်းလေးစူပြီး ငိုမဲ့မဲ့ပြောတဲ့ သူမပုံစံက သူ့ကိုပိုအချစ်ပိုစေခဲ့တယ်။
သူနဲ့ သူမက နှစ်ဖက်လူကြီးသဘောတူ စေ့စပ်ထားတဲ့ ချစ်သူနှစ်ဦးဖြစ်တယ်။ အလုပ်ကိစ္စကြောင့် နိုင်ငံရပ်ခြားမှာ တစ်နှစ်ကြာ သူသွားရောက် နေထိုင်ရတော့မယ်။ ဖြစ်နိုင်ရင် သူမကို သူနဲ့အတူ ခေါ်သွားချင်ပေမယ့် သူမ မိဘတွေက ခွင့်မပြုခဲ့ဘူး။
“နင် ဟိုကိုရောက်ရင် ငါ့ကို လွမ်းနေနော်”
“နင်ကလွဲရင် ငါဘယ်သူ့ကိုမှ မလွမ်းဘူး”
“တကယ်နော်..”
“အင်း.. ဂတိ”
သူမ နှာခေါင်းကို သူ ချစ်စနိုး လိမ်ဆွဲလိုက်တယ်။ အတားအဆီးမဲ့ မျက်ရည်တွေက နီစွေ့နေတဲ့ သူမပါးပြင်ပေါ် အလိုက်မသိ စီးဆင်းလာခဲ့တယ်။ သူမကြောင့် ဒီအလုပ်ကို သူလက်လွတ်ဖို့ ကြိုးစားခဲ့သေးတယ်။
“မငိုနဲ့နော်.. နင့်အနား ငါအမြန်ဆုံး ပြန်ခဲ့မှာပါ။ ပြီးရင် ငါတို့လက်ထပ်ကြမယ်။ အဲဒီနောက် ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး”
“အင်း... ပါ ” ငိုသံတစ်ဝက်နဲ့ စကားလုံးတစ်ချို့ သူမနုတ်ခမ်းဝမှာ တစ်ဆို့နေခဲ့တယ်။
“နင်ငိုတော့ ငါစိတ်မကောင်းဘူး။ နင့်ကို ငါအရမ်းချစ်တယ်”
“ငါလည်း နင့်ကို အရမ်းချစ်တယ်” ဒီတစ်သက် ဒီဘဝ သူမကိုပဲ သူချစ်ခဲ့တယ်။
သူ နိုင်ငံခြားထွက်ပြီး လအတန်ကြာမှာ ကြိုတင်တွက်ဆမထားတဲ့ ကံကြမ္မာဆိုးတစ်ခု သူမဆီ ဆိုက်ဆိုက်မြိုင်မြိုင် ရောက်လာခဲ့တယ်။ သူငယ်ချင်းနဲ့အတူ လျှောက်လည်တဲ့လမ်းမှာ သူမ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်။ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သူမ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့တယ်။ မအောင်မြင်တဲ့ ခွဲစိပ်ကုသမှုမှာ မသပ်ရပ်တဲ့ ချုပ်ရိုးတွေကြောင့် သူမမျက်နှာ ပိုအကျည်းတန်ခဲ့ရတယ်။ လှပတဲ့မျက်နှာတစ်ခု ပျောက်ဆုံးခဲ့ရလို့ နေ့နေ့ညည သူမ ငိုခဲ့တယ်။ မကောင်းဆိုးဝါး တစ်ကောင်လို့ မလှပတဲ့ မျက်နှာနဲ့ အသက်ဆက်ရှင်ဖို့ သူမ ဝန်လေးခဲ့မိပေမယ့် သူငယ်ချင်းတွေရဲ့ အားပေးမှု၊ မိဘတွေရဲ့ ဖေးမမှုအောက်မှာ ရှင်သန်ဖို့ သူမ ကြိုးစားခဲ့တယ်။
“သူ့ဆီ အီးမေးလ်ပို့ ဆက်သွယ်မလား?”
မျက်နှာပေါ်က ဒဏ်ရာတင်မက လူတွေနဲ့မခေါ် မပြောရဲလောက်အောင် စိတ်ဓာတ်ကျ အားငယ်ပြီး စိတ်ဒဏ်ရာပါ ရသွားတဲ့ သူမကို သူငယ်ချင်းတွေက အကြံပေးတယ်။ ကိုယ့်ရဲ့အချစ်ဆုံးကိုတောင် အဆက်အသွယ် မလုပ်ရဲလောက်အောင် သူမ ကြောက်နေမိတယ်။
“သူ အရမ်းစိတ်ပူနေတယ်။ နင် ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သူအရမ်းသိချင်နေတယ်”
“သူ့ကိုငါ အမှန်အတိုင်းပြောရမလား? ဒီမျက်နှာနဲ့ သူ့ကို ငါဘယ်လို သွားပြောမလဲ? အဖေအမေတို့ကတောင် ငါ့ကို လက်မခံနိုင်တော့တာ သူဆိုရင် ပိုဆိုးမှာပေါ့။ သူနဲ့ငါ မျက်နှာချင်း မဆိုင်ရဲဘူး”
ပုံပျက်နေတဲ့ မျက်နှာကို လက်နဲ့စမ်းရင်း အရူးတစ်ယောက်လို သူမ အော်ဟစ်မိတယ်။ အရင်လို မလှပတော့တဲ့ သူမကို သူ ခံစားနိုင်ဦးမလား? သူ ချစ်နိုင်ဦးမလား? သူ လက်ထပ်နိုင်ဦးမလား? သူမ ဘာကိုမှ ဆက်မတွေးရဲခဲ့တော့ပါဘူး...
“ဒါဟာ နင့်အပေါ်ထားတဲ့ သူ့သဘောထားကို စမ်းသပ်မဲ့အချိန်ပေါ့”
တစ်နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန် ကျော်ဖြတ်ခဲ့တယ်။ သူပြန်လာမယ့်ရက် တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့တယ်။ သူပို့တဲ့စာမှာ သူပြန်လာပြီးနောက် သူတို့ရဲ့အနာဂါတ်ကို ဘယ်လိုတည်ဆောက်မယ်၊ နှစ်ယောက်အတူ ဘယ်လို ခရီးဆက်မယ်ဆိုတာကို အားတက်တရော ရေးထားတယ်။ စာဖတ်ပြီး သူမအသဲ ကြွေခဲ့ရတယ်။ ကြောက်ရွံ့ထိတ်လန့်တဲ့ စိတ်တွေက သူမရင်ထဲ အတိုင်းမသိ တိုးဝင်လာခဲ့တယ်။
ဦးထုပ်၊ မျက်မှန်နက်နဲ့ မျက်နှာဖုံးတပ်ပြီး လေဆိပ်ထဲ သူမ ရောက်နေခဲ့တယ်။ တိုင်အကွယ်တစ်ခုကနေ သူထွက်အလာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့တယ်။
ဧည့်ကြိုခန်းမမှာ သူမရဲ့ အရိပ်ကို ကျီးကန်းတောင်းမှောက် သူလိုက်ရှာမိတယ်။ သူမ တကယ်လာမယ်ဆိုတာ သူသိနေတယ်။ တိုင်အကွယ်မှာ ရပ်နေတဲ့ သူမရဲ့နောက်ကျောရိပ်ကို သူလှမ်းမြင်လိုက်တယ်။ ခြေလှမ်းကျဲကျဲနဲ့ သူမဆီ အရောက်လှမ်းပြီး နောက်ကနေ သူမကို သိုင်းဖက်လိုက်မိတယ်။
“လွမ်းလိုက်တာ.... ဘာဖြစ်လို့ တိုင်နောက်မှာ ပုန်းနေရတာလဲ?”
“နင် ... ငါ့ကိုတွေ့တယ်?” အသံတိုးတိုးနဲ့ မရဲတရဲ သူမ ပြန်မေးလိုက်တယ်။
“ငါ.. ငါ့ကို နင် မှတ်မိလား?” ငိုသံနဲ့ မေးလာတဲ့ သူမကို သူ့ဖက် ဆွဲလှည့်လိုက်မိတယ်။ မျက်နှာဖုံး၊ မျက်မှန်တွေနဲ့ သူမ ဘာဖြစ်လို့ ရုပ်ဖျက်ထားသလဲ?
“မှတ်မိတာပေါ့... နင့်ကို ငါအရမ်းချစ်တယ်လေ” သူမကို သူ တင်းတင်းလေး ပွေ့ဖက်ထားလိုက်မိတယ်။
“ဒီလိုပုံစံဆိုရင် ချစ်အုန်းမှာလား” သူရှေ့မှာပဲ မျက်မှန်၊ ဦးထုပ်၊ မျက်နှာဖုံးတွေ သူမဆွဲချွတ်လိုက်ပြီး မေးလိုက်တယ်။
“နင်ဟာ ငါ့အတွက် လှနေတုန်းပဲ။ နင့်ကိုငါ သိပ်ချစ်တာပေါ့”
ချုပ်ရာဗရပွနဲ့ မညီမညာ မျက်နှာပြင်က ဒဏ်ရာတွေကို ညင်သာစွာ သူပွတ်သပ်ပေးနေမိတယ်။ ငါ နင့်ကို အရမ်းချစ်တယ်!
အိမ်အပြန် နောက်ကျမယ့်ရက်တွေ သူမကို သူကြိုပြီး ဖုံးဆက် အသိပေးတတ်ပေမယ့် ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေ အမြဲလွှမ်းနေတဲ့ သူမက စိုးရိမ်နေတုန်းပါပဲ။ သူမကို ထားသွားမှာ၊ သူ့ကို ဆုံးရှုံးရမှာကို သူမကြောက်လာမိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျှော့နည်းလာပြီး သူ့အပေါ် သံသယစိတ်တွေ ပိုများလာခဲ့တယ်။ စိတ်မချ မယုံကြည်တဲ့စိတ်နဲ့ သူ့ကို သူမအနားမှာပဲ ရှိစေချင်ခဲ့တယ်။ သူမနားလည်အောင် သူရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် ဘာကိုမှ အယုံအကြည် မရှိနိုင်လောက်အောင် စိတ်ဒဏ်ရာတွေက သူမကို ဖိစီးနေခဲ့ပါပြီ။
ထပ်ခါတလဲလဲ ဖြစ်ပျက်ဖန်များလာတော့ အလုပ်ဖိအား၊ စိတ်ဖိအား၊ အဖက်ဖက်က ဖိအားနဲ့ သူမဆီက သံသယဖိအားတွေက သူ့ကို ဝါးမြိုမတတ် ခံစားလာမိတယ်။
“လက်စသတ်တော့ နင့်ရဲ့စိတ်ပါ အရုပ်ဆိုး အကျည်းတန်သွားပါလား?” မပြောရက်တဲ့ စကားတစ်ခွန်းကို ပြောပြီး အိမ်ကနေ သူထွက်လာခဲ့တယ်။
သူ့မှာ တစ်ခြားကောင်မလေးများ ရှိနေပြီလား? နဖူးကို တစ်ချက်တွန့်ပြီး သူမ တွေးလိုက်မိတယ်။ ပြီးတော့ အရူးတစ်ယောက်လို ခေါင်းခါပြီး ဒီလို မယုံသင်္ကာ သံသယအတွေးတွေကြောင့် သူ စိတ်တိုသွားတာ။ ငါဒီလို မတွေးသင့်ဘူးလို့ စဉ်းစားရင်း သံသယစိတ်ကို စိုးရိမ်စိတ်အဖြင့် ပြောင်းလဲကြည့်လိုက်တယ်။ သူ့ကို ယုံကြည်ရမယ်လို့ သူမကိုယ်သူမ သတိပေးလိုက်မိတယ်။
ကုမ္ပဏီက ထွက်လာပြီး အိမ်အပြန်မှာ လမ်းဘေးက ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူမ အကြည့်ရောက်သွားခဲ့တယ်။ ဇာတ်တိုက်ထားသလိုပါပဲ...
သူနဲ့ တစ်ခြားကောင်မလေးတစ်ယောက် အတူထိုင်နေတာကို တွေ့လိုက်မိတယ်။ သူမရဲ့ သံသယစိတ်တွေ အသက်ဝင်ခဲ့ပါလား?
ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မှန်ပြတင်းဖြတ်ပြီး ထင်ထင်ရှားရှား သူမ တွေ့လိုက်ရတယ်။ လှပချောမောနဲ့ မျက်နှာပိုင်ရှင် ကောင်မလေးကြောင့်
အရုပ်ဆိုးတဲ့ သူမကို သူပစ်သွားခဲ့ပြီ။
မုန်းတယ်... သူ့ကို မုန်းတယ်။ ပြုံးရီနေတဲ့ သူတို့နှစ်ယောက်ကို မျက်ရည်တစ်သွင်သွင်နဲ့ သူမ ဆက်ရပ်ကြည့်နိုင်စွမ်း မရှိတော့ဘဲ အိမ်ကို အပြေးပြန်လာခဲ့မိတယ်။
နောက်ရက်မှာတော့ သူမဖက်က လက်ထပ်မင်္ဂလာဖျက်သိမ်း လိုက်ကြောင်း သူ့ကို အကြောင်းကြားခဲ့တယ်။ သူ နားမလည်နိုင်အောင် ဖြစ်ပြီး သူမကိုရှင်းပြဖို့
ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။
နွေ၊ မိုး၊ ဆောင်း ပြောင်းသွားခဲ့ပါပြီ။ အကျည်းတန်တဲ့ မျက်နှာနဲ့ ဘဝတစ်ခုကို သူမ ပင်ပင်ပန်းပန်း ဖြတ်ကျော်နေခဲ့ရတယ်။ ဒီမျက်နှာနဲ့ လူတွေရဲ့တကယ့်စိတ်ရင်း၊ လူတွေရဲ့ စစ်မှန်တဲ့ မျက်နှာကို သူမတွေ့ခွင့် ရခဲ့ရလို့ ထပ်မံခွဲစိပ်ကုသဖို့ သူငယ်ချင်းတွေ တိုက်တွန်းခဲ့ပေမယ့် သူမ ငြင်းဆန်ခဲ့မိတယ်။ ဒါပေမယ့် မိဘတွေပါ ခွဲစိတ်စေချင်တဲ့ ဆန္ဒကြောင့် ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ ခွဲစိပ်ဖို့ သူမဆုံးဖြတ်လိုက်တယ်။ ခွဲစိပ်နေတဲ့အတောအတွင်း သူ့ကို သူမ သတိရမိတယ်။ သူ့ကို အနားမှာ ရှိစေချင်ခဲ့တယ်။
နာမည်ကြီး ခွဲစိပ်ဆရာဝန်က လုံးဝပျက်ဆီးနေတဲ့ သူမရဲ့မျက်နှာကို အသားအစားထိုးနည်းနဲ့ အောင်မြင်စွာ ခွဲစိပ်ကုသနိုင်ခဲ့တယ်။ ဓာတ်ပုံထဲက သူမ နဂိုပုံအတိုင်း လှပတဲ့မျက်နှာကို သူမထပ်ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ ဒီမျက်နှာပဲ သူ့မကို အမုန်းတွေ ပေးခဲ့တာ.. ဒီမျက်နှာပဲ သူမကို အပျော်တွေ ပေးခဲ့တာ.....
နာမည်ကြီး ခွဲစိပ်ဆရာဝန်တစ်ဦးကို ကျေးဇူးတင်ဖို့ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် ဆေးရုံကို ရောက်လာခဲ့တယ်။ ဆေးရုံထောင့်ချိုး တစ်နေရာမှာ မျက်နှာပတ်တီးအဖွေးသားနဲ့ လူတစ်ယောက်ကို ကောင်မလေး တိုက်လိုက်မိတယ်။
“ဆောရီးပါနော်”
ပတ်တီးနဲ့လူက ကောင်မလေးကို တအံ့တသြကြည့်ပြီး ခပ်သုတ်သုတ် ထွက်သွားမယ်အလုပ်မှာ ကောင်မလေးက “ဒီဆေးရုံက ဆရာဝန်တွေ အရမ်းတော်တယ်။ ခွဲစိပ်ခံလိုက်ရင် ရှင်မျက်နှာလည်း ကောင်းလာလိမ့်မယ် သိလား။ ကြည့် ..ကျွန်မမျက်နှာလည်း ခွဲစိပ်ခဲ့တယ်လေ။ မလှဘူးလား? ရှင် အားမငယ်နဲ့နော်”
“........” ပတ်တီးမျက်နှာနဲ့ လူ ဘာမှမပြောခင်မှာ ကောင်လေးက ကောင်မလေးကို
“မြန်မြန် မောင်တို့ သွားစရာရှိသေးတယ်” လို့ လောလိုက်တယ်။
ပြုံးပြုံးရွှင်ရွှင်နဲ့ ထွက်သွားတဲ့ ချစ်သူစုံတွဲကို မျက်စိတစ်စုံ ငေးကြည့်ရင်း ပတ်တီးမျက်နှာနဲ့လူ မျက်ရည်တွေကျမိတယ်။
“သူ့ကို ရှင်အရမ်းချစ်တာပဲလားဟင်! သူ့အတွက်နဲ့ ကိုယ့်မျက်နှာက အသားကိုတောင် ရှင် ဖြတ်လှူခဲ့တာတောင် ရှင့်ကို သူလုံးဝ မမှတ်မိခဲ့ဘူးနော်။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဒီလိုခွဲစိပ်မှုလုပ်ဖို့ ကျွန်မနဲ့ ရှင်တိုင်ပင်ခဲ့တယ်။ အခု ရှင်ကျေနပ်ရဲ့လား? ရှင်မျက်နှာ နဂိုအတိုင်း ပြန်ဖြစ်လာဖို့ ကျွန်မ တာဝန်ယူပါတယ်”
“တော်ပါပြီ... ကျွန်တော့်ကို သူ မမှတ်မိလည်း ဘာမှမဖြစ်ပါဘူး။ သူပျော်ရွှင်နေရင် ကျွန်တော်ကျေနပ်ပါပြီ။ ဒီ အကျည်းတန်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော်ရှင်သန်သွားပါရစေ”
ပါးပြင်က မျက်ရည်တွေနဲ့ ဆရာဝန်အပါးကနေ သူ တစ်လှမ်းချင်း ထွက်ခွာလာခဲ့တယ်။ ကောင်မလေးဆီက ကျန်ရစ်ခဲ့တဲ့ ကိုယ်သင်းနံ့တစ်ချို့က သူ့ကို ပိုအထီးကျန်စေခဲ့တယ်....
ကောင်မလေး သူ့ကိုမှတ်မိနိုင်မလားလို့ သိချင်တဲ့စိတ်နဲ့ ကောင်မလေး မျက်နှာပေါ်က ချွတ်လိုက်တဲ့ မျက်နှာဖုံးကို ကောင်လေး တပ်ကြည့်လိုက်မိတယ်။ ကောင်မလေးက သူ့ကို မမှတ်မိတဲ့အပြင် သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်မှတ်ပြီး ကြောက်လန့်တကြား ငိုယို ထွက်ပြေးသွားခဲ့တယ်။ နောက်ဆုံးမှာ ကျိန်စာသင့် မျက်နှာဖုံး တပ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဘဝကို တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရတယ်။
Sunday, December 20, 2009
သင့်နေ့နံ အတွက် ယတြာ
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။
တနလာၤ
“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။
အင်္ဂါ
ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိေ
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။
ၥၥၰဗုဒၶဟူး
ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။
ကြာသပတေး
မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။
သောကြာ
သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ြေ
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။
စနေ
* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။
Friday, December 18, 2009
ရွေးချယ် ရတော့မယ်ဆိုရင်
မေးခွန်းက သင်ဟာ အဲဒီဆိတ်အုပ်စုထဲမှာ ပါခဲ့ရင် ခြင်္သေ့ကို ရွေးမလား..? ၀ံပုလွေကို ရွေးမလား..? ကိုယ်ရွေးချယ်တဲ့ အဖြေကို မှတ်ထားပြီး ဆက်ဖတ်ပါ....
တောင်အရပ်မှာရှိတဲ့ ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ကြမ်းကြုတ်တော့ ၀ံပုလွေကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မြောက်အရပ်က ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ဆိုးတယ်ဆိုပေမဲ့ ဘယ်ခြင်္သေ့ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ခွင့် ငါတို့မှာ ရှိသေးဆိုပြီး ခြင်္သေ့ပဲ ယူမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝံပုလွေက တောင်ဖက်က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ၀ံပုလွေက ခန္ဓာသေးတော့ ဆိတ်တစ်ကောင်ကို ၂ရက် ၃ရက်လောက်စားရတယ်။ ဒါကြောင့် ဆိတ်တွေက ၂ရက်၃ရက်နေမှ ၀ံပုလွေရဲ့ အကိုက်အဖြတ်ကို ခံရတယ်။
မြောက်ဖက် ဆိတ်တွေက ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကို အရင်ရွေးတယ်။ ခြင်္သေ့က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ခန္ဓာကိုယ်ကလည်း ကြီးထွားတော့ တစ်ရက်ကို တစ်ကောင်နှုန်းနဲ့ စားတော့တယ်။ ဆိတ်တွေက နေ့တိုင်း စိတ်ခြောက်ခြားစွာနဲ့ ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို ခံနေရတယ်။
ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို နေ့တိုင်းခံနေရတော့ မြောက်အရပ်က ဆိတ်တွေက နောက်ခြင်္သေ့တစ်ကောင်ကို ရွေးပြန်တယ်။ အဲဒီခြင်္သေ့ကလည်း ဆာလောင်နေတာ ကြာတော့ ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်ပြီး အားရပါးရစားတော့တာပဲ။ ဆိတ်တွေက မြက်စားဖို့ အချိန်တောင်မရကြဘဲ ခြင်္သေ့ရန်ကိုပဲ တထိတ်တလန့် ရှောင်နေရတော့တယ်။
ဝံပုလွေကို ရွေးလိုက်တဲ့ တောင်ဖက် ဆိတ်တွေက မြောက်အရပ်က ဆိတ်တွေကို ဦးနှောက်မရှိဘူးဆိုပြီး လှောင်ရီကြတယ်။ မြောက်ဖက် ဆိတ်တွေက ခြင်္သေ့ကို ရွေးမိတဲ့အတွက် နောင်တတွေ ရကြပြီး ဘုရားသခင်မှာ ခြင်္သေ့အစား ၀ံပုလွေပေးဖို့ တောင်းဆိုတယ်။ ဘုရားသခင်က ရွေးပြီးသားကို ပြန်ပြင်လို့ မရတဲ့အကြောင်း၊ ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကိုသာ ရွေးခွင့်ရှိကြောင်း ပြောတယ်။
ခြင်္သေ့နှစ်ကောင်လုံးက ရိုင်းစိုင်းကြမ်းကြုတ်တဲ့အတွက် ဘယ်တစ်ကောင်ရွေးရွေး ဆိတ်တွေ အလူးအလှိမ့် ခံနေရတယ်။ ခြင်္သေ့တစ်ကောင်က သူတို့ကို စားပြီး ၀ဖြိုးလာမှ ဆိတ်တွေက ငတ်မွတ်နေတဲ့ နောက်ခြင်္သေ့တစ်ကောင် အလှည့်ကို ရွေးကြတယ်။ အဲဒီလို ရွေးချယ်တော့ အငတ်ခံထားရတာ ကြာပြီဖြစ်တဲ့ ခြင်္သေ့က ဒီလို အမြင်ကို ရလိုက်တယ်။ ငါဟာ ဘယ်လောက် ကြမ်းကြုတ်လဲ ဆိတ်အကောင် ၁၀၀နဲ့တော့ မယှဉ်နိုင်ဘူး။ ငါ့ရဲ့ စားသောက်ခွင့်က ဆိတ်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ ဆိတ်တွေက အချိန်မရွေး ငါ့ကို နောက်တစ်ကောင်နဲ့ လဲလိုက်နိုင်တယ် လို့ တွေးပြီး ဆိတ်တွေကို တလေးတစား ဆက်ဆံတော့တယ်။ ဖျားနာတဲ့ဆိတ်နဲ့ ဆိတ်သေတွေကိုပဲ စားတော့တယ်။ ဆိတ်တွေကလည်း ခြင်္သေ့ရန်က လှည့်ပတ် ပြေးနေစရာ မလိုတော့ ၀ဖြိုးလာတဲ့ ခြင်္သေ့အစား ပိန်လှီတဲ့ ခြင်္သေ့ကိုပဲ ရွေးကြတယ်။
ဒါကို ဆိတ်အိုတစ်ကောင်က “ဒီခြင်္သေ့က ငါတို့သူ့ကို မရွေးမှာစိုးလို့ ငါ့တို့အပေါ် ဒီလိုကောင်းနေတာဖြစ်တယ်။ ဟိုဝဖြိုးတဲ့ ခြင်္သေ့က ငတ်မွတ်ပြီး သေသွားခဲ့ရင် ငါတို့မှာ ဘယ်တစ်ကောင်ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး။ အဲဒီအချိန်ကျရင် ဒီပိန်လှီနေတဲ့ ခြင်္သေ့က ငါတို့ကို ဇာတိပြလိုက်မယ်” လို့ သတိပေးတယ်။
ဆိတ်အိုရဲ့ သတိပေးချက်ကို အားလုံးက သဘောတူကြတယ်။ ခြင်္သေ့တစ်ကောင် ၀လင်ပြီး အခြားခြင်္သေ့တစ်ကောင် ငတ်မွတ်နေပြီဆိုရင် ဆိတ်တွေက ခြင်္သေ့တွေကို လှဲလှယ်ကြတော့တယ်။ ငတ်မွတ်နေတဲ့ ခြင်္သေ့က သူ့ရဲ့ စားသောက်ပိုင်ခွင့်ဟာ ဆိတ်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သိတော့ ဆိတ်တွေကို လေးစားတယ်။ ကိုယ့်အလှည့် ကြာရှည်ခံဖို့ ဆိတ်သေနဲ့ နာမကျန်းတဲ့ ဆိတ်ကိုပဲ ရွေးစားတော့တယ်။
ဝံပုလွေကို ရွေးမိတဲ့ တောင်အရပ် ဆိတ်တွေရဲ့ အခြေအနေက ပိုပိုဆိုးရွားလာခဲ့တယ်။ တစ်ကောင်ထဲ ပြိုင်ဖက်မရှိဘဲ ဘုရင်လုပ်နေတဲ့ ၀ံပုလွေက ဆိတ်တွေကို အချိန်မရွေး ဖမ်းယူစားသောက်တယ်။ ဆိတ်သားကို မစားဘဲ ဆိတ်ရဲ့နှလုံးသွေးကိုပဲ သောက်ယူဖို့ တစ်ရက်ကို တစ်ကောင်နှုန်း မဟုတ်တော့ဘဲ တစ်ရက်ကို ဆယ်ကောင်နှုန်းနဲ့ ဖမ်းစားတော့တယ်။ ဆိတ်တွေရဲ့ စိတ်ထဲမှာက “အစက ကြိုသိခဲ့ရင် ခြင်္သေ့ကိုပဲ ရွေးပါတယ်” လို့ နောင်တတွေ ရနေကြတယ်။
လွယ်ကူတဲ့ ရွေးချယ်ပုစ္စာလေး တစ်ခုပါပဲ။ လူတွေရဲ့ ရပ်တည်မှုနဲ့ တည်နေရာပေါ်မှာ မှုတည်ပြီး ရွေးချယ်မှုတွေ ကွဲပြားကြမှာပါ။ အနောက်နိုင်ငံက လူတွေကို မေးရင် အများစုက ခြင်္သေ့ကိုရွေး ကြပြီး အရှေ့နိုင်ငံက လူတွေကို မေးရင် အများစုက ၀ံပုလွေကို ရွေးကြမှာပဲ။
ရွေးချယ်ပိုင်ခွင့်ရှိမှ လွတ်လမ်းကို ရကြသတဲ့...
ရွေးချယ်ပိုင်ခွင့် မရှိတဲ့ဘ၀က သတ်ဖြတ်မှုကိုပဲ ခံနေရတော့တယ်။
တခါတလေ
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။
အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?
ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။
ကတ်ကြေးကို ကပ်ကျေးလို့ သတ်ပုံမှား ရေးမိတာ... မောင်ဂေါက်ကယ်ပေးလို့... တော်သေးတယ်
စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။
တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)