အာဆီယမ်ဒေသတွင်းမှာ အာဆီယမ်စီးပွားရေး အသိုက်အ၀န်း ဖြစ်ထွန်းလာသလို
မြန်မာနိုင်ငံမှာလည်း ထားဝယ်မြို့မှာဆောက်လုပ်မယ့် ဧရာမရေနက်ဆိပ်ကမ်းစီမံကိန်းကြီးနဲ့အတူ
စီးပွားရေးခေတ်သစ်ပေါ်ထွန်းလာနိုင်တယ် ဆိုတဲ့အကြောင်း သတင်းဆောင်းပါးတစ်ပုဒ်ကိုတင်ဆက်
ပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်းပထမဆုံးအကြိမ်အထွေထွေ ရွေးကောက်
ပွဲကြီးကျင်းပခဲ့မှုနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအောင်အကျယ်ချုပ်
ကနေပြန်လည်လွှတ်ပေးနိုင်မှုဟာ ဖွံဖြိုးတိုးတက်မယ့် ခေတ်တခေတ်ဖြစ်လာဖို့ ကဏ္ဍသစ်ဖွင့်လှစ်လိုက်တာ
ဟာ မြန်မာစစ်ခေါင်းဆောင်များရဲ့ မျှော်လင့်ချက်မြင့်မြင့်မားမား ထားနေတယ်ဆိုပြီး ဆောင်းပါးအစမှာ
ဖော်ပြထားပါတယ်။ နောက်တခါ အနောက်နိုင်ငံတွေဟာ မြန်မာစစ်အစိုးရကို သပိတ်မှောက်ထားပြီး
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့အစိုးရစနစ်ပြန်ဖြစ်လာဖို့ ဖိအားပေးတဲ့အနေနဲ့ စီးပွားရေးအရ
ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေကို အပေးအယူသဘောနဲ့ နှစ်ပေါင်းများစွာ ပြုလုပ်ထားတဲ့အကြောင်း၊
ဒါပေမယ့် ခုချန်ထိမြန်မာစစ်အစိုးရကတော့ အပြောင်းအလဲမရှိ တုတ်တုတ်မျှမလှုပ်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့
အခြေအနေကို အနောက်နိုင်ငံတွေထက်ပိုပြီး စာနာတဲ့ အာရှနိုင်ငံတချို့ရဲ့အားကိုးနဲ့ မြန်မာနိုင်ငံဟာ တနိုင်ငံချင်း
အလိုက် ပူးပေါင်းပြီးအလုပ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ အခုတော့ အဲလိုနည်းနဲ့ ဆက်လုပ်စရာမလိုတော့တဲ့
အချိန်ကိုရောက်နေပြီ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ဆယ်စုနှစ်များစွာ အထီးကျန်နေခဲ့ရပြီးနောက်မှာ
ပြင်ပကမ္ဘာနဲ့ ဆက်ဆံဖို့ တခါးကိုကျယ်ကျယ်ထပ်ဆွဲဖွင့်ဖို့အတွက် ပိုပြီးကောင်းတဲ့ ရွေးချည်စရာလမ်းမရှိတော့ဘူးလို့
ဆောင်းပါးရှင်က ဆိုပါတယ်။ ဒေသတွင်းမှာလည်း မြန်မာနိုင်ငံဟာ စာသုံးသူသန်းခြေက်ရာလောက်ရှိတယ်။ စီးပွားရေး
အင်းအားကြီး အုပ်စုတစ်ခုဖြစ်လာဖို့ခြေလှမ်းပြင်နေတဲ့ အာဆီယမ်အဖွဲ့ကြီးရဲ့ ဥက္ကဌ တာဝန်ကိုယူဖို့မကြာခင်မှာ
အလှည့်ကျလာနိုင်တဲ့ အကြောင်းနဲ့ အာဆီယမ်စီးပွားရေးအသိုက်အ၀န်းဟာ သွင်းကုန်တွေကို လုံးဝ စီးကြပ်ခွန်
မကောက်ခံပဲ တခုတည်းသော ဈေးကွက်ဖြစ်လာဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရေး ရင်းနှီးမြှပ်နှံမှုတွေကို ပိုမိုလွယ်ကူစွာ
ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၅ မှာအပြည့်အ၀ လက်တွေ့လုပ်ဆောင်နိုင်အောင် လမ်းခင်းဖို့ကြိုးစားနေတယ်လို့
ဆိုပါတယ်။ အဲဒီအခြေအနေတွေနဲ့ဆက်စပ်နေတာကတော့ မြန်မာနိုင်ငံရဲ့အသည်းစွဲ ဧရာမစီမံကိန်းကြီးတွေထဲက
တစ်ခုဖြစ်တဲ့ ပင်လယ်ကမ်းရိုးတန်းထားဝယ်မြို့မှာ ဆောက်လုပ်မယ့် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုစုံ စီမံကိန်း ပါလို့
ဆောင်းပါးရှင်က ရေးပါတယ်။ ဒီစံမံကိန်းကြီးမှာ ထိုင်းနိုင်ငံရဲ့ အကြီးစားဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျှံထိုင်းကုမ္ပဏီက ကာလရှည်
လုပ်ကိုင်ခွင့်အာမခံချက်နဲ့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ ရင်းနှီးမြုပ်နှံ ထည့်ဝင်လုပ်ကိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအခြေအနေကြောင့် အာဆီယမ်ဒေသတွင်းမှာ အခြားနိုင်ငံတွေနဲ့ဆက်နွယ်မှု အားနည်းနေတုန်းမှာ
ဒီဧရာမ ဆိပ်ကမ်းစီမံကိန်းကြီးကို အောင်အောင်မြင်မြင်စတင်လိုက်နိုင်တာဟာ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာစီးပွားရေး
မရေရာမသေချာမှု အလယ်မှာရောက်နေတဲ့ အာဆီယမ်အုပ်စုတစ်ခုလုံးအတွက်ပါ ၀မ်းမြောက်စရာဖြစ်တယ်လို့ သတင်းက
ဆိုပါတယ်။ အာဆီယမ်အဖွဲ့ဟာ အုပ်စုတခုလုံးအနေနဲ့ ကမ္ဘာအဆင့်မှာ စီးပွားရေးအရ အရေးပါတဲ့ အဖွဲ့တစ်ခုအဖြစ်
ရပ်တည်နေတာပါ။ ကမ္ဘာမှာ န၀မမြောက်စီးပွားရေးအင်အားအကြီးဆုံးနဲ့ အာရှမှာတော့ တတိယအင်အားအကြီးဆုံးစီးပွားရေး
အဖြစ်ရပ်တည်ပါတယ်။ မြန်မာနိုင်ငံဟာထိုင်းနိုင်ငံနဲ့ တိုင်းပြည်အရွယ်အစားရော လူဦးရေအရပါ ယှဉ်နိုင်တဲ့နိုင်ငံဖြစ်ပြီး အရေးပါ
အရာရောက်မှုကတော့ တခြားအာဆီယမ်နိုင်ငံတွေထက်မလျော့တဲ့အကြောင်း ဆောင်းပါးရှင်ကရေးပါတယ်။ ဥပမာအားဖြင့် မဟာမဲခေါင်ဒေသခွဲ
ဖွံ့ဖြိုးမှုအစီအမံဟာ မြန်မာနိုင်ငံမပါပဲ ထိရောက်အောင်မြင်ပြည့်စုံမှာ မဟုတ်ဘူးလို့ ထောက်ပြထားပါတယ်။ မဲခေါင်ဒေသဟာ
တရုတ်နိုင်ငံကြောင့် ယခုနှစ်တွေအတွင်းမှာ ဒေသတွင်းမှာ ထင်ရှားလာနေပါတယ်။ တရုတ်နိုင်ငံဟာ ယခုအချိန်မှာကမ္ဘာ့ ဒုတိယစီးပွားရေး
နိုင်ငံဖြစ်ပြီး သူ့ရဲမြောက်မြားလှစွာသော ပို့ကုန်တွေကိုတင်ပို့ရောင်းချမှုနဲ့ သူ့နိုင်ငံရဲ့ အနောက်ပိုင်းကုန်းတွင်းပိတ်
နိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့ တခြား တခြားသော ရေကြောင်းခရီးသဘောင်္လမ်းသစ်တွေ စတင်ရှာဖွေမှုတွေပြုလုပ်နေပါတယ်။ မဲခေါင်ဒေသကြီးဟာ
ထားဝယ်ရေနက်ဆိပ်ကမ်းကနေတဆင့် GMS ရထားလမ်းနဲ့ကားလမ်းတွေအားဖြင့် လမ်းပွင့်လာနိုင်ပါတယ်။ မဲခေါင်ဒေသတွေမှာ
မြန်မာနဲ့ထိုင်းနိုင်ငံတွေအပြင် လာအို၊ဗီယမ်နမ်နဲ့ ကမ်ဘောဒီယားနိုင်ငံတွေလည်းပါဝင်ပါတယ်။ စွမ်းအင်နဲ့အခြား သဘာဝအရင်းအမြစ်
တွေ ပေါများကြွယ်ဝနေဆဲဖြစ်ပြီး လုပ်အားခ ကုန်ကျစရိတ်တွေနည်းလွန်းတဲ့ မဲခေါင်ဒေသကို တရုတ်အပြင် ဂျပန်ကလည်း စိတ်ဝင်စားမှု
အတော်လေးရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ တရုတ်၊ ဂျပန်နဲ့
တခြားတကာ ရင်းနှီးမြုပ်နသူတွေအတွက် မျက်စိကျစရာဖြစ်နေပါတယ်လို့ သတင်းမှာရေးသားထားပါတယ်။ ထိုင်းနိုင်ငံအဖို့မှာတော့
ထိုင်းတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးမှုအစီအစဉ်တွေကို ပိုပြီးအာရုံစိုက်လုပ်ဆောင်သင့်တယ်ဆိုပြီး လေ့လာစမ်းစစ်သူတွေက
အကြံပြုနေတဲ့ကြားက ထိုင်းအစိုးရဟာ ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို အာဆီယမ်စိတ်ဓာတ်အမြင်နဲ့အားပေး ထောက်ခံခဲ့ပါတယ်။။
ထိုင်းတောင်ပိုင်းမှာရှိတဲ့ မတ္တာဖို့ စက်မှုဇုန်နဲ့ ရေနက်ဆိပ်ကမ်းတွေဟာ စက်ရုံအလုပ်ရုံတွေနဲ့ ပြည့်ညှပ်သိပ်နေပြီး ရေထုညစ်ညစ်မှုကလည်း
အလွန်းအမင်းဖြစ်နေတဲ့ ပြဿနာတက်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံအနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာကျတဲ့ နိုင်ငံအကျိုး
စီးပွားအဖြစ်လည်းရှုမြင်နိုင်ပါတယ်လို့ သတင်းဆောင်းပါးမှာထောက်ပြထားပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ ရေနံနဲ့ ဓာတု
ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေလို သံမဏိလုပ်ငန်းတွေလို အကြီးစားစက်မှုလုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံမှာ ထပ်မံတိုးချဲ့လုပ်ကိုင်နိုင်
ပါသေးတယ်လို့ဆိုပါတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြီးဟာ ထိုင်းနိုင်ငံ ကချနဗူဒီခရိုင်ရဲ့အနောက်ဘက် ၁၆၀ ကီလိုမီတာ
အကွာအဝေး လောက်မှာတည်ရှိပြီး မြို့တော်ဘန်ကောက်နဲ့ဆိုရင် ၃၅၀ ကီလိုမီတာ လောက်ဝေးပါတယ်။ ရေနက်ဆိပ်ကမ်း
အပြင် တခြားအဆေက်အအုံတွေဖြစ်တဲ့ ဆက်သွယ်ရေးလိုင်းတွေ၊ မီးရထားလမ်း၊ ရှစ်လမ်းသွား အဝေးပြေးကားလမ်းမကြီးတွေ၊ ဂစ်ပိုင်းလိုင်း
တွေလည်းနယ်စပ်ဒေသကနေ ထိုင်းနိုင်ငံဆီကိုဖောက်လုပ်ဦးမှာဖြစ်ပါတယ်။ အဲဒီအတွက်အခြေခံ အဆောက်အအုံတွေ
ဆောက်လုပ်ဖို့ချည်းပဲ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၂ ဘီလီယမ်လောက်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်ထိုင်းဘက်မှာတော့
ဒီစီမံကိန်းကို ဆက်လုပ်ဖို့နဲ့ပက်သက်ပြီး စိန်ခေါ်မှုတွေကတော့ရှိနေပါတယ်။ အဲဒါကတော့ တစ်နှစ်ကို ကုန်စီ တန်ချိန်ပေါင်း ၈ သိန်း
လောက်ထိန်းသိမ်းထားနိုင်မယ့် ပရာဘာ ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆောက်လုပ်ဖို့ ထိုင်းသယ်ယူပို့ဆောင်ရေး
ဝန်ကြီးဌာနက ဖိအားပေးနေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံတောင်ပိုင်း အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်ရးနဲ့
ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့ တံခါးပေါက်တခုအဖြစ် ကပ္ပလီပင်လယ်ကမ်းရိုးတန်းမှာ ကိုယ်ပိုင်းရေနက်ဆိပ်ကမ်းတခုပိုင်ဆိုင်ဖို့ လိုအပ်နေတဲ့
ကိစ္စဖြစ်ပါတယ်။ ထားဝယ်ဆိပ်ကမ်းတခုထဲကိုပဲ အာရုံစိုက်နေရင် ဒါဟာ သူများနှာခေါင်းအငှားတောင်းတာပဲ ဖြစ်လိမ့်မယ်အကြောင်း
ပိုအရေးကြီးတာက ထားဝယ်ရေနက်ဆိပ်ကမ်းနေရာဟာ ပရာဘာ ဆိပ်ကမ်းနေရာထက်စာရင် အခြားနိုင်ငံတကာသဘောင်္ခရီး
လမ်းကြောင်းတွေနဲ့ အလှမ်ဝေးနေတာပဲဖြစ်တယ်လို့ ထိုင်းရေကြောင်းအာဏာပိုင်တွေက ထောက်ပြဝေဖန်ကြပါတယ်။ ဒါပေမယ့်
ပရာဘာ ဆိပ်ကမ်းရဲ့ အနာဂတ်ဟာထိုင်းအစိုးရပေါ်မှာပဲ မှီတင်နေပါတယ်လို့ ဆောင်းပါးရှင်ကရေးပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း
အတွက် အခြေခံအဆောက်အအုံးကုန်ကျမှုစရိတ်က အကြမ်းမျဉ်းလေးခုလောက်ရှိပါတယ်။ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုအတွက်
အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယမ်၊ စက်မှုဇုံတည်ဆောက်ရေးအတွက် ၁.၄၁ ဘီလီယမ်၊ နယ်စပ်ဖြတ်ကျော် ဇင်းကြံလမ်းမကြီးအတွက်
၃.၃၉ ဘီလီယမ်နဲ့ အဲဒီစီမံကိန်းနဲ့ဆက်စပ်နေတဲ့စီးပွားရေးစင်တာ အဆောက်အအုံ၊ အများပြည်သူအတွက်နေရာ၊ ကူးသန်းရောင်းဝယ်ရေး
ဌာနတွေနဲ့ မြန်မာအာဏာပိုင်တွေအတွက်နေရာတွေတည်ဆောက်ပေးဖို့ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယမ်ရှိပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့
စက်မှုဇုန်စီမံကိန်းကြီးအတွက် ဇုံတွေသတ်မှတ်ပေးထားပြီ အကြီးစားစက်မှုပ်လုပ်ငန်းအတွက် ဇုံ A ၊ ရေနံနဲ့ဓာတုဗေဒ စက်ရုံတွေအတွက် ဇုံ B ၊
ရေနံနဲ့ သဘာဝဓာတ်ငွေ့အ၀င်အထွက်တွေပြုလုပ်ဖို့ ဇုံ C ၊ အလတ်စားစက်မှုလုပ်ငန်းတွေအတွက် ဇုံ D ၊ အသေးစာစက်မှုလုပ်ငန်းတွေအတွက် ဇုံ E နဲ့
အိမ်တွေ အများပြည်သူအတွက် အဆောက်အအုံတွေနဲ့ ကူသန်းရောင်းဝယ်ရေး ဌာနတွေ အတွက် မြို့ တစ်မြို့ တည်ဆောက်ဖို့ အတွက်တော့
ဇုံ F ဆိုပြီးသတ်မှတ်ပေးထားပါတယ်။ ဒီစီမံကိန်းရဲ့ ကနဦးဆောက်လုပ်မှုစီမံကိန်းတွေကိုတော့ လာမယ့် ဇန်န၀ါရီလမှာ စတင်ဆောက်လုပ်မှာ
ဖြစ်ပြီး အချိန် ၅ နှစ် ကြာမြင့်မှာဖြစ်ပါတယ်။ အရေးကြီးတာက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အဲဒီအတွက်အခြခံ ပံ့ပိုးပေးမယ့် အခြေခံအဆောက်အအုံတွေ
ပြီးစီးသွားပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ရင်တော့ တောင်ပိုင်းစီးပွားရေး ဇင်းကြံ လမ်းမကြီးလို့ခေါ်တဲ့ တခါးပေါက်ကြီးတခုပွင့်လာပြီး
အင်ဒိုချိုင်းနားအောက်ပိုင်းဒေသကြီးတခုလုံးကိုလည်း အကျိုးကျေးဇူးခံစားရမှာဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံတောင်ပိုင်း၊
ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း ကမ်ဘောဒီယားတောင်ပိုင်းကနေ ဗိယက်နမ်တောင်ပိုင်းအထိ ကျယ်ပြောတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း
တွေနဲ့အတူ ကုန်စီ စီးဆင်းမှုတွေ လွယ်ကူချောမွေ့စေမှာဖြစ်ပါတယ်။ ဒါအပြင် ပင်လယ်ကူးသဘောင်္တွေကလည်း ထားဝယ်ရေနက်
ဆိပ်ကမ်းသစ်ကြီးကို တံခါးပေါက်အဖြစ်အသုံးပြုပြီး အရှေ့တောင်အာရှနိုင်ငံတွေအကြား ကုန်စည်သယ်ယူပို့ဆောင်မှုတွေ ဆောင်ရွက်
နိုင်ပါလိမ့်မယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ် မှတဆင့် မလက္ကာရေလက်ကြားကိုဖြတ်မယ့်အစား ကပ္ပလီပင်လယ်ကိုဖြတ် အိန္ဒိယသမုဒရာဆီ
အဲဒီကနေတဆင့် အရှေ့အလယ်ပိုင်း ဥရောပနှင့် အာဖရိက တိုက်တွေအထိ ကုန်စီတွေ ခရီးဆက်နိုင်တော့မှာဖြစ်တယ်လို့ ဆောင်းပါမှာရေးသားဖော်ပြထာပါတယ်။
Wednesday, November 24, 2010
Sunday, August 1, 2010
ဥာဏ်စမ်းလေး ၀င်ဖြေပါဦး
လူတစ်ယောက်ကမေးတယ်...ကောင်မလေးမင်းအသက်ဘယ်လောက်ရှိပြီလဲတဲ့...ကောင်မလေးက အဖေနဲ့လမ်းလျှောက်တော့11နှစ်...အမေနဲ့လျှောက်တော့ 9နှစ်လို့ပြန်ဖြေတယ်တဲ့..ကဲ!ကောင်မလေးအသက်ဘယ်လောက်လဲ?
အောင်သွယ်တော် အင်တာနက်
စီးမျောလျင်လျက်
အေးမြချင်းပင်
နွေးထွေးပင်ညိ
ချစ်ခြင်းအသိနဲ့
ကိုယ်စီတွေးတော
ရင်ထဲအမောကို
တန်ပြန်ရိုက်ခတ်
ရင်ချင်းယှက်လျက်
အင်တာနက်သော်
စိတ်တော်ထင်ရှား
ရင်ချင်းထိက
တသက်တာပေါ့
အလှချင်းပြိုင်
ချစ်ချင်းဆိုင်သည်
ကျွန်တော့်ရဲ့
ထာဝရ
တစ်ယောက်တည်းသာ
ချစ်ခြင်းမည်သည်
သူတစ်ယောက်သာ
အေးမြချင်းပင်
နွေးထွေးပင်ညိ
ချစ်ခြင်းအသိနဲ့
ကိုယ်စီတွေးတော
ရင်ထဲအမောကို
တန်ပြန်ရိုက်ခတ်
ရင်ချင်းယှက်လျက်
အင်တာနက်သော်
စိတ်တော်ထင်ရှား
ရင်ချင်းထိက
တသက်တာပေါ့
အလှချင်းပြိုင်
ချစ်ချင်းဆိုင်သည်
ကျွန်တော့်ရဲ့
ထာဝရ
တစ်ယောက်တည်းသာ
ချစ်ခြင်းမည်သည်
သူတစ်ယောက်သာ
Thursday, March 25, 2010
လှေကားမလှုပ်နဲ့ မအေပေးလေးရဲ့
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး
ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး
ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့
အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို
ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က
မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး
ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”
ဟုဖြေလိုက်တယ်။

ထိပ်ဖောက်မယ်
တစ်ခါက
ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့ ပထမ
ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “
မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်”
လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။
ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ
ကောင်လေး ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။

ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး
စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။ စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။ ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။ ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။ (ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ ) အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။ ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။) လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က ” ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”
Monday, January 25, 2010
မြန်မာနိုင်ငံ၏ စစ်မှန်သော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့ သိထားရမည့် အခြေခံ အချက်များ
http://messengerforbuddhist.blogspot.com/ မှာ ဗုဒ္ဓဘာသာ ရဲ့ လိုအပ်ချက်တွေကို တင်ပြခဲ့ ပါတယ်။
အဲဒီ ဆိုဒ် ထဲမှာလဲ လူငယ်တွေရဲ့ ဆဲဆိုသံတွေ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ကျွန်တော်ကတော့
ကျောက်ကွင်း ၀ါဒပြိုင်ပွဲ စာအုပ်ကို ကိုးကားပြီး ကို ဗုဒ္ဓဘာသာဝင်များအတွက် တင်ပြလိုက်ရပါတယ်။
အောက်ဆုံး အပိုဒ်သည်ကား ဗုဒ္ဓဘာသာဝင်များအတွက် လုံးဝ သိထားသင့်သောအချက်များပင်ဖြစ်ပါသည်။
အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသ အဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်´´။
``နာလာဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ်ရဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့တယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို http://messengerforbuddhist.blogspot.com/ ကို ရေးသားတဲသူက ဗုဒ္ဓဘုရားဟောပါ ဆိုပြီး ဝေဖန်သွားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။
`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော်(၁၂)ပါးတို့ ဆိုတာ တာဝတိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။ သစ္စက ပုရပိုက်နှင့် ဗုဒ္ဓဟာ အနတ္တ၀ါဒ ကိစ္စ မေးတာ သစ္စက အားလုံးကို ၀န်ခံရတယ်။အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ´´ ။
ဗုဒ္ဓဘာသာအကြောင်း အကျဉ်းချူံးပြီး ရှင်းရှင်းတင်ပြပါမယ်.။
+ ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ ?
+ ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ ?
+ ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲ ?
+ အဲဒီပန်းတိုင်ရောက်ဖို့ ဘယ်တရား ၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်ဖြစ်သလဲ?
+ လောကီအနေဖြင့် ဘာအကျိုးရှိသလဲ ?
+ လောကုတ္တရာအနေဖြင့် ဘယ်လိုဖြစ်သလဲ ?
``အဲဒါတွေကို သိရင် ဗုဒ္ဓ၀ါဒရ့အနှစ်ချူပ်ကို သိရှိနိုင်ပါတယ်။ အဲဒီလို သိရင်ပဲ ဗုဒ္ဓ ဘာသာ၊ ဗုဒ္ဓ၀ါဒဟာ ကမ္ဘာမှာအမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားပါလိမ့် မယ်….´´။
`` ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)လောက် အိန္ဒိယနိုင်ငံမှာအ ထောကအထား ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ သစ္စာလေးပါး Aမှန် တရားကို ဆရာမကူ သယမ္ဘူဥာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့ တဲ့အတွက် ဗုဒ္ဓအမည့် ဘွဲ့တော်ရှိတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသာနာတော်ကို ယုံ ကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့ ဘာသာဝါဒ ဖြစ်ပါတယ်….´´။
`` သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရန် ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ဗုဒ္ဓဘာ သာဝင်တွေက ဆည်းကပ် ခံယူခြင်းပဲ ဖြစ်ပါတယ်..´´။
`` ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ၀ဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်ပါတယ်။အဲဒီ ပန်းတိုင် ရောက်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂေါတမ ညွန်ပြဆုံးမတော်မူခဲ့တဲ့ တရား ဓမ္မများကို ကိုယ့်Aားကိုယ်ကိုး ကိုယ်တိုင်ကျင့်သုံးကြရမယ်။အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ် တရားကို ကျင့်သုံးကြရမှာက ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်….´´။
`` ဗုဒ္ဓဘာသာဗုဒ္ဓ၀ါဒဟာ လောကီရေးရာ တိုးတက်ကြီးပွားမှုကို မဟန့်တားသလို ဆုတ်ယုတ်နိမ့်ကျမှုကိုလည်း အားမပေးပါဘူး။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ သမ္ပဒန် တရား လေးပါးနှင့်အညီ ကျင့်သုံးကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လက်တွေ့မျက်တွေ့ကြီးပွား တိုးတက်နိုင်ပါတယ်၊ အဲဒီလို လောကီရေးရာများကို ဆောင်ရွက်ရင်းနဲ့ဘဲ လောကုတ္တရာတရားများ ကိုလည်း ကျင့်သုံးသွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်ဝန်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီး အဆင်ပြေအောင်နေထိုင်နိုင်ပါတယ်။ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ အတူနေထိုင် ၀န်မလေးပါဘူး၊ အထောကအထား ဒေသနာတော်တွေအများကြီးရှိပါတယ်။
ဒီလောက်သာ တင်ပြချင်ပါတယ်။ ဗုဒ္ဓဘာသာ ဟာ မဟုတ်မမှန် သော ဘာသာ အဖြစ် ပြောဆိုလိုပါက သင် တကယ်ကိုးကွယ်ယုံကြည်သော ဘာသာကိုပါ သိချင်ပါသည်။ အဲဒီ ဘာသာရဲ့ လိုအပ်ချက်တွေ ကို ကျွန်တော် ထောက်ပြပါဦးမည်။

Subscribe to:
Posts (Atom)