Monday, November 16, 2009

ယဉ်ကျေးမှုအမွှေ

တိုင်းတစ်ပါး ယဉ်ကျေးမှုများ မီဒီယာ တံခါးပေါက်အမျိုးမျိုးမှ နည်းအသွယ်သွယ်ဖြင့် ၀င်ရောက်လျက်ရှိရာ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်လာသည့် တိုင်းတပါး အတွေးခေါ်၊ ယဉ်ကျေးမှု သိမ်းသွင်းကြိုးပမ်းမှုများသည် ကိုင်ပိုင် ယဉ်ကျေးမှု အပေါ် လေးစားမြတ်နိုးသည့် မျိုးချစ်စိတ်ဖြင့်သာ တားဆီးကာကွယ်နိုင်ပါသည်။ နှစ်ပေါင်း ထောင်ချီ အဓွန့်ရှည်ကြာခဲ့သည့် မြန်မာ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုသည် သင်တို့ခေတ် မှ ကျဆုံးရတော့မည်လော။
ပေါင်ပေါ် ၊ ရင်ပေါ် အ၀တ် အစားတို့သည်ကား မြန်မာ အမျိုးသမီး တို့၏ ဂုဏ်ကို မြင့်တင်နိုင်မည်ကား မမြင် ။ ခေတ်မှီ ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည်နေသည့် မြန်မာနိုင်ငံမှ မြန်မာအမျိုးသမီးများ၏ ပထမဆုံးခြေလှမ်း ပင်လော၊
တောင်းမှာ အကွပ် လူမှာ အ၀တ်ပင်ပဲလေ ၊နောင်တချိန်တွင် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထွန်းတောက်မည့် သားသမီး ရတနာ ကောင်းများ၏ မိခင်က သင်တို့ပင်။ နောက်ဆုံး သည်ပင် သင်သည် သင်၏် ဖခင် အကိုမောင်တို့ရှေ့မှာ ၀တ်ရမည်ကို မရှက်တက်ပြီလော။ သင်ဖော်ထားသော အသားအရောင် အချိုးအဆစ်တို့မှာ တိုင်းတစ်ပါးသားတွေကဲ့သို့ လှပနေမည်လား။
မြန်မာအမျိုးကောင်းသားတို့၏ မျိုးဆက်သစ်တို့ကို ယုံကြည်စွာ အပ်နှံ ရမည့်သူ၊ ကြီးပြင်းလာအောင် အနီးကပ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည့်သူက သင်ပင်။ သင့်ကို ကြည့်သည့် တပ်မက်မှု တွေက တဘ၀လုံးစာ တော့ မဖြစ်နိုင်ချေရာ။ ဆိုလို ခြင်းမှာ သာမာန်ထက် ပိုတိုသော အ၀တ်အစား တို့ကို ၀တ်ဆင်သည့်သူများ၊ မိမိပတ်ဝန်းကျင်နှင့် လိုက်လျောညီသည့် အတွေး အခေါ်တို့ထက် ပိုမိုနေသည် သူများက အဓိကပင်လေ ။ မည်သူမဆို ခေတ်ဆန်သော အ၀တ်အစား တို့ကို တပ်မက်သည်မှာ အပြစ်မဆိုသာ။ ပိုမိုကာ လွန်ကဲချင်သူများပင်။ တက်မက်မှူအကြည့်များ မပိုင်ဆိုင်ရမည်ကို စိုးရိမ် နေမည်သူမှာ သင်လား။ မြန်မာမိန်းကလေး တို့၏ တန်ဖိုးကားမြင့်မားသည်။ အမြင့်ဆုံးရောက်အောင် သင်တွေးနိုင်သည်။ သင်၏အောင်မြင်မှုတွင် မည်သည်က အရေးပါသနည်း။ သေသပ် သပ်ရပ်ပြီး သန့်ရှင်းစင်ကြယ်သည့် မြန်မာမိန်းကလေးတို့၏ အလှကား မည့်သည့် ယဉ်ကျေးမှုနှင့် မဆို ရင်ဘောင်တန်းနိုင်သည်။ မြန်မာမိန်းကလေး ပီသသည့် သင့်အား နွေးထွေးသည် အကြည့် တွေ ယှက်သန်းနေသည်ကို လက်ခံပါလေ။

No comments:

Post a Comment