Monday, November 16, 2009

DSA

တို့ တွေသစ်ပုတ်ပင်အိုကျောင်းတက္ကသိုလ်မှာ
မကွန်းခိုခဲ့ရပေမယ့်
စစ်တက္ကသိုလ်
ရွှေညောင်ပင်အေးရိပ်မှာ
သန့်ရှင်းရေးလုပ်ခဲ့တာလေး
ငါတော့အမှတ်ရနေသေးတယ်

တက္ကသိုလ်ရဲ့
ကံ့ကော်တောရိပ်
သင်းပျံ့ ရနံ့ကို ရှူရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို ငေးမောခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ်

ပုဂံလမ်းက ချစ်သူကိုမျှော်စောင့် ဖို့ အခါမသင့်ခဲ့ပေမယ့်
ဧည့်ဆောင်ထက်က အင်အားတွေနဲ့ အမေ့ မျက်လုံးတွေက
အောင်မြင်မှုတွေပါ

ဂျပ်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည် လမ်းထက် လက်ဆွဲ အိတ်ကိုဆွဲ
လက်ပြည့်လွဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ ခုထိရဲရင့်နေဆဲပဲ

လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေ မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လိုမေ့လို့ ရမှာလည်းကွာ။
မောင်ငယ် ( 6 th year Anniversary of DSA-48 )

1 comment: