Monday, November 16, 2009

အစ္စလာမ်ရေးရာသိကောင်းစရာ

အစၥလာမ္ဘာသာ

ယနေ့ကမ္ဘာပေါ်တွင် ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သော ဘာသာကို ပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်သည်။ အစ္စလာမ်ဆိုသည့် ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့် စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ အစ္စလာမ်' (Arabic: Template:Audio; အသံထွက်၊ [ɪs.ˈlæːm][note 1]) သည်တစ်ဆူတည်းသောဘုရားဝါဒ အေဗျာဟမစ် ဘာသာရေး ဖြစ်သည်။ ၇ ရာစုနှစ်က အာရပ်လူမျိုး ဘာသာရေးနှင့် ဦးဆောင်ပုဂ္ဂိုလ် အစ္စလာမ် တမန်တော်‘‘မိုဟာမက်”၏ သင်ကြားမှုများမှ စတင်ခဲ့ပါသည်။ အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊ အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ ဘုရားသခင်(Template:အာရပ်စကား- အလ္လာ)၏ အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး [1]၎င်းတို့အား မွတ်စလင်[2][3] ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။[4]
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ် သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင် ဟု သုံးနှုန်းသည်။

အစ္စလာမ်အယူဝါဒ

အစ္စလာမ်သည့် စကြဝဠာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလုံးစုံကို သိမြင်တော် မူ၍ ပြည့်စုံတော်မူသော တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော မဟာကရုဏာရှင် ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ် ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။ အစ္စလာမ်သည် “နာခံခြင်း”ဟူသော အထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ နောင် အနာဂတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးရာမည်သည်။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

မုဟမ္မဒ်နှင့်ကုရ်အာန်

အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။ လူ့ဘဝတွင် လူရိုင်း တို့အားယဉ်ပါးစေတော်မူခဲ့သည်။ လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော သူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။ တမန်တော်မြတ်သည် အစ္စလာမ် အယူဝါဒကို မိမိကိုယ်တိုင်ကျင့်သုံး ပြသတော်မူခဲ့သည်သာမက စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

အစ္စလာမ်၏ယုံကြည်ချက်များမှာ

(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

အစ္စလာမ်၏ အမြစ်တရားငါးပါးကား

(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊ တမန်တော်မြတ် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
(၃) ဇကားသ်ပေးလှူခြင်း။
(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။

တစ်မိတစ်ဖတည်း

အစ္စလာမ်အယူဝါဒအရ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တစ်မိတစ်ဖတည်းမှ ဆင်းသက်ပေါက်ဖွားလာကြသော ညီရင်းအစ်ကို မောင်ရင်းနှမများပင်ဖြစ်ကြပေသည်။ “အို-လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှ စတင်ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အချင်းချင်း သိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာ ငါအရှင်မြတ်သည် အသင်တို့အား လူမျိုးအဖုံဖုံ၊ မျိုးနွယ်အစားစား ပြုလုပ်ထားတော်မူသည်။ ငါအရှင်မြတ်ထံတော်၌ အမွန်မြတ်ဆုံးသောသူမှာ စင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)

မိသားစု

အစ္စလာမ်ယူဝါဒအရ ဝေနေယျသတ္တဝါအားလုံးတို့သည် မိသားစုကြီးဖြစ်ပေသည်။ အဖန်ဆင်းခံဝေနေယျ သတ္တဝါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သူအိမ်တော်သားများ ဖြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အိမ်တော်သူအိမ်တော်သားများအနက် အများဆုံးချစ်ကြည်မြတ်နိုးအပ်သူမှာအိမ်တော်သူ အိမ်တော်သားများအား အများဆုံး အကျိုးပြုသူသာဖြစ်ပေသည်။ (တမန်တော်မြတ်၏ ဩဝါဒတော်)

လူတန်းစားမခွဲ

အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်း အပြစ်ကင်းခြင်း အားဖြင့်သာလျှင် တစ်ဦးထက်တစ်ဦးသာသည်။ ”(တမန်တော်မြတ်၏ ဩဝါဒတော်)

မည်သူ့ကိုမျှ ဒုက္ခမပေးရ

အစ္စလာမ်အယူဝါဒအရ ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည် မိသားစုကြီးဖြစ်ရာမွတ်စလင် တစ်ဦးအဖို့ ကမ္ဘာ့ အိမ်ထောင်စုအတွင်း၌ သူစိမ်းဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိပေ။ အားလုံးတို့သည် မိသားစုများဖြစ်ကြပေရာ အချင်းချင်း အကျိုးပြုရမည်သာဖြစ်၍ ဒုက္ခမပေးရ။ “မွတ်စလင်သည် မိမိ၏နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း မည်သူကိုမျှဒုက္ခမပေးရ။ ကြီးသူကိုမလေးစား၊ ငယ်သူကိုမသနားသူသည် ငါ၏တပည့်မဟုတ်။ မိမိအဖို့ နှစ်ခြိုက်သောအရာကို သူတစ်ပါးအဖို့ မနှစ်ခြိုက်သောသူသည် မွတ်စလင်မဟုတ်။ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စလင်မဟုတ်။ အသင်တို့သည် ကမ္ဘာမြေ၌ရှိသူတို့အား သနားကြင်နာကြကုန်။ ကောင်းကင်ထက်ရှိတော်မူသော အရှင်သည်အသင်တို့အား သနားကြင်နာတော်မူအံ့။” (တမန်တော်မြတ်ဩဝါဒ)

“စလာမ်”မေတ္တာ

အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟု မေတ္တာပို့သကြသည်။ မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစု သက်ရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် မင်္ဂလာတော်များ လည်းသက်ရောက်ပါစေ”ဟု မေတ္တာတုံ့ပြန်ကြပေသည်။ ဤသို့ဖြင့် မွတ်စလင်တို့စုဝေးရာဌာနများတွင် မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည် မိမိ၏အရှင်အား တိုင်တည်ပြောအံ့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ်အား ယုံကြည်နိုင်ကြမည်မဟုတ်။ ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်” (တမန်တော်မြတ်၏ ဩဝါဒတော်)

စားဝတ်နေရေး

အစ္စလာမ်သည် နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။ လူ့လောကတွင် စားဝတ်နေရေးသည် လျစ်လျူရှုထား၍ဖြစ်နိုင်သောကိစ္စမျိုးကား အလျင်းမဟုတ်။ စားဝတ်နေရေး အဆင်မပြေက လောကုတ္တရာရေးရာများကို မဆိုထားနှင့်၊ လောကီရေးရာများကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။ ထို့အတွက် ကုရ်အာန်ကျမ်းမြတ် (၆၂း၁၀)တွင် အသင်တို့သည် ဆွလာသ် ဆောက်တည်ပြီးသောအခါ ကမ္ဘာသို့လှည့်၍ အလ္လာဟ်အရှင်မြတ်၏ ရိက္ခာတော်ကို ရှာဖွေကြကုန်လော့}ဟု အတိအလင်း မိန့်ကြားထားတော်မူသည်။ တရားသဖြင့် ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍ တမန်တော်မြတ်ကလည်း “ဆင်းရဲ နွမ်းပါးမှုသည် သာသနာပဖြစ်စေတတ်သည်။ တရားသဖြင့် စီးပွားရှာဖွေခြင်းသည် မလုပ်မနေရ တာဝန်များနောက် မလွဲမရှောင်သာသော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားများအား ဝ၀လင်လင် ရှာဖွေကျွေးမွေးကြကုန်။ ဤသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျီဟာ့ဒ် သက်စွန့် ကြိုးပမ်းရာမည်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ လယ်ယာကိုင်းကျွန်းနှင့် စက်မှုလုပ်ငန်းများသည် စားဝတ်နေရေးတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့် စပ်လျဉ်း၍လည်း တမန်တော်မြတ်က “အသင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်ကြ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းသည် အလွန်မင်္ဂလာရှိ၏၊ တိုးပွား၏”ဟူ၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သောအတတ်ပညာသည်များကို အလ္လာဟ်အရှင်မြတ်သည် အထူးနှစ်သက် မြတ်နိုးတော်မူသည်}ဟူ၍လည်းကောင်း မိန့်တော်မူခဲ့လေသည်။ စားဝတ်နေရေးတွင် ဆူကြုံနိမ့်မြင့် အလွန်အကျွံ ကွာခြားနေပါက ဒုက္ခရောက်နိုင်သည်။

ကျွန်တော်သည်ကား မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်ပါ။ သက်ဝင်ယုံကြည်သူ ။္ဒ္ဒကျွှန်ုပ် ဘ၀၏ နောက်ဆုံး ရည်မှန်းချက်သည်ကား မိမိသာသနာ အတွက်ပင်တည်း။ အခြား ဘာသာကင်းသော မူစလင်နိုင်ငံတို့မှာ ရပ်တည်နေကျသည်။ မူစလင်ကင်းသော ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်ရန် ကြောက် ရွံ့နေပြီလော။ လွတ်လပ်စွာ ကိုးကွယ်နိုင်သည်ကား မှန်သည်။ သို့သော် ဘာသာတရား အသိပညာ နည်းသူ မြန်မာ လူမျိုးတို့ ရှိမည်ကား မငြင်းသာ။ ထိုသူ တို့က တစိမ့်စိမ့် ထွက်တော အပေါက်များ ဖြစ်တော့ပေမည်။ မြန်မာ လူမျိုးတို့၏ အသား ကိုစား၊ ဗုဒ္ဓဘာသာ ၏ အသွေးကို သောက်မည်။ သူ့ကျွှန်ဖြစ်ရခြင်းကို အသက်ပေါင်း များစွာ စတေးပြီးမှ ရရှိခဲ့သည်။ တခြား ဘာသာ၏ ကျွန်ဖြစ်ရခြင်းသည်ကား နွှံ့ အိုင် ကဲ့သို့ဖြစ်ပေလိမ့်မည် ။ ကာကွယ်ရမည် မြန်မာတွေ။ မူစလင်ဘာသာကို မယုံကြည်သူ တို့အား ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည် ဆိုသည်မှာ ယခု မူစလင် နိုင်ငံတွင် ပုံပြင်တစ်ပုဒ်မဟုတ် အမှန်တကယ်ဖြစ်ရပ်များပင်။ စတေးသင့်ရင်တော့ စတေးရမည်။
အဘယ်သော မြန်မာတွေ ငါတို့ ဘာသာကို ဖြတ်ဆီး နိုင်မှာလဲ ။ စုပေါင်းကာကွယ်ရမည်။ တစ်ဦးချင်းစီ အသိစိတ် ရှိရမည်း ။ ငြိမ်းချမ်းစွာ နေချင်သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၊ သူ့ကျွန် ဘ၀ရောက်ခဲ့တော့ လူသတ်ခဲ့ ရသည်။ ကိုယ့်လူမျိုး အတွက်။ အခု ကိုယ့် သာသနာ အတွက်။ လုပ်သင့် ရင်တော့လုပ်ရမည်။

No comments:

Post a Comment